ဝက်ပေါက်လေးကို ၀ါးမျိုခဲ့သည့် စပါးကြီးမြွေကို တောဝက်အုပ်စုက ကလဲ့စားချေတိုက်ခိုက် (ရုပ်သံ)

February 11, 2017

ဝက်ပေါက်လေးကို ၀ါးမျိုခဲ့သည့် စပါးကြီးမြွေကို တောဝက်အုပ်စုက ကလဲ့စားချေတိုက်ခိုက် (ရုပ်သံ)

အုပ်စုထဲက ဝက်ပေါက်ကလေးတကောင်ကို ဝါးမျိုစားသောက်ခဲ့တဲ့ စပါးကြီးမြွေတကောင်ကို တောဝက်အုပ်စုက ကလဲ့စားချေ တုံ့ပြန်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အနည်းဆုံး ၈ ကောင်လောက်ရှိမယ့် တောဝက်အုပ်စုကြီးဟာ စပါးကြီးမြွေရဲ့ ခန္ဓာကိုယ်အနှံ့ ခေါင်းကနေ အမြီးပိုင်းအထိ ကိုက်ခဲကြကာ ဆန့်ထုတ်ဆွဲနေခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့ထဲက တကောင်ကတော့ မြွေကြီးရဲ့ အမြီးကနေ ဘေးတိုက်ယမ်းခါအောင် ကိုက်ဆွဲခဲ့တာပါ။ မြွေကြီးရဲ့ ဝမ်းဗိုက်တွင်း ဖောင်းနေတဲ့နေရာမှာ ဝက်ပေါက်ကလေး ရှိနေမယ်ဆိုတဲ့ အထင်နဲ့ တောဝက်အုပ်စုဟာ အငြိုးတကြီးနဲ့ ဝိုင်းဝန်းကိုက်ခဲခဲ့ကြတာဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။ ဒါဟာ ဘယ်နေရာမှာ ဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် ထိုင်းနိုင်ငံတနေရာရာမှာ ဖြစ်လိမ့်မယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ နောက်ဆုံးမှာတော့ တောဝက်တွေဟာ မြွေကြီးကို တစစီဖြစ်အောင် ဆွဲဆုတ် ကိုက်ခဲနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
4 years Ago
Up