ဝက်ပေါက်ကလေး

March 3, 2017

ဆင်နှာမောင်းဖြင့် မွေးဖွားလာသည့် သန္ဓေပြောင်းဝက်ပေါက်ကလေးရုပ်သံ ရေပန်းစား

မျက်နှာပေါ်မှာ ဆင်နှာမောင်းပုံနှာခေါင်းနဲ့ မွေးဖွားလာခဲ့တဲ့ သန္ဓေပြောင်း ဝက်ပေါက်ကလေးတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွီခရိုင်၊ ဘန်ဘူးမြို့ လယ်သမားတဦးရဲ့ မွေးမြူရေးခြံထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ မတ်လ ၂ ရက်နေ့က ဖော်ပြပါတယ်။ မွေးဖွားလာကတည်းက ဝက်ကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမွေးအမှင် တခုမှမပါဘဲ ခုလို ထူးထူးဆန်းဆန်း အခြေအနေနဲ့ တွေ့မြင်ခဲ့ရတာလို့ ပိုင်ရှင် လီက ပြောပါတယ်။ ဒါပေမယ့် အဲဒီဝက်ပေါက်ကလေးဟာ မွေးဖွားပြီး ၂၄ နာရီအတွင်းမှာပဲ သေဆုံးသွားခဲ့တာပါ။ လီက သူ့ဘဝမှာ ထောင်နဲ့ချီတဲ့ ဝက်ပေါက်စကလေးတွေ တွေ့ခဲ့ဖူးပြီး ခုလိုအဖြစ်အပျက်ကတော့ တခါမှ မမြင်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ “ဒီဝက်ပေါက်ကလေးမှာ ပထမတခု သတိထားမိတာက သူ့မှာ အမွေးတချောင်းမှ ရှိမနေခဲ့တာ။ ဒုတိယတခုက သူ့ရဲ့နှာခေါင်းက ဆင်နှာမောင်းလို ဖြစ်နေတာ။” ဝက်ပေါက်ကလေးဟာ မွေးဖွားပြီး ၂ နာရီအကြာမှာ သေဆုံးသွားခဲ့ပြီး တခြား သူနဲ့အတူ မွေးခဲ့တဲ့ ဝက်ပေါက်ကလေးတွေကတော့ အသက်ရှင်ကျန်ရစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်း ဇန်ဂုံရှန် တိရစ္ဆာန်ဥယျာဉ်မှ ဒါရိုက်တာ ဂိုဘိုယန်ကတော့ မိခင်ဝက်မကြီးရဲ့ ကိုယ်တွင်းရှိချိန် မျိုးဗီဇပြောင်းလဲမှုကြောင့် ခုလိုဖြစ်ရတာဖြစ်နိုင်ပြီး လက်ရှိမှာတော့ ဒီဝက်ပေါက်ကလေးကို လေ့လာ သုတေသနဆက်လုပ်ဆောင်နိုင်ဖို့ လှူဒါန်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up