ဝက်ဝံနှင့် ဆဲလ်ဖီ

May 5, 2018

ဝက်ဝံနှင့် ဆဲလ်ဖီရိုက်ရန်ကြိုးစားသည့် အမျိုးသား တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှ အမျိုးသားတဦးဟာ ဒဏ်ရာရနေတဲ့ ဝက်ဝံတကောင်အနီးမှာ ဆဲလ်ဖီဓာတ်ပုံရိုက်ဖို့ ကြိုးစားချိန် တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က အိုဒီရှားပြည်နယ်၊ နဘရန်ပူရ် ဒေသတွင်းမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပရာဘူး ဘာတရာ အမည်ရတဲ့ အဲဒီအမျိုးသားဟာ မင်္ဂလာဆောင်တခုကနေ ပြန်ခဲ့တာဖြစ်ပြီး လမ်းမှာ အပေါ့သွားဖို့ ကားကိုရပ်ခဲ့ချိန်မှာ ဒဏ်ရာရနေတဲ့ ဝက်ဝံကို တွေ့ခဲ့ပုံရပါတယ်။ သူဟာ ဝက်ဝံအနီးတိုးကပ်ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားချိန်မှာ သူနဲ့ ပါလာသူတွေက တားခဲ့ကြပေမယ့် မရခဲ့ဘဲ ဝက်ဝံတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သစ်တောဌာန တာဝန်ရှိသူတွေဟာ ဝက်ဝံကို မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားပေမယ့် အချိန်မီ မကယ်တင်နိုင်ခဲ့ပါဘူး။ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒန်နျူဂျရာ မိုဟာပက်ထရာက “ဘာတရာဟာ နေရာတင် သေသွားခဲ့တာပါ။ ဝက်ဝံကိုတော့ ဒဏ်ရာတွေ ဆက်လက်ကုသပေးဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။
3 years Ago
Up