ဝက်ဝံကို ရဟတ်ယာဉ်ဖြင့် တွဲလောင်းချသယ်ဆောင်ချိန် ပြုတ်ကျသေဆုံး (ရုပ်သံ)

March 2, 2017

ဝက်ဝံကို ရဟတ်ယာဉ်ဖြင့် တွဲလောင်းချသယ်ဆောင်ချိန် ပြုတ်ကျသေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံမှာ အနက်ရောင် ဝက်ဝံတကောင်ကို ပိုက်ကွန်နဲ့ချုပ်ကာ ရဟတ်ယာဉ်နဲ့ တွဲလောင်းချ ချိတ်ပြီး ဘေးမဲ့တောတခုဆီ ပို့ဆောင်ချိန်မှာ မတော်တဆ ပြုတ်ကျခဲ့တဲ့အတွက် သေဆုံးသွားခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးသမားတွေက ကယ်တင်ထားခဲ့တဲ့ အဲဒီဝက်ဝံကို ပရာချင် ဘူရီဘေးမဲ့တောဆီ သယ်ဆောင်ခဲ့ချိန်မှာ ဖြစ်ခဲ့တာပါ။ တိရစ္ဆာန်အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးသမားတွေကတော့ ဒီအဖြစ်အပျက်မှာ မှားယွင်းခဲ့မှုအပေါ် ပြစ်တင်ဝေဖန်နေကြတာတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါဝက်ဝံအတွက် လှောင်အိမ်မရှိပဲ အဲဒီအစား ပိုက်ကွန်နဲ့ ချုပ်ပြီး ချိတ်တွဲ သယ်ဆောင်ချိန်မှာ ဝက်ဝံဟာ ထိတ်လန့်ပြီး လှုပ်ရှားခဲ့ချိန်မှာ လေထဲကို ထွက်ကျပြီး သေဆုံးသွားခဲ့ရတာပါ။ ခိုယိုင်ဖောင်ဒေးရှင်းမှ အတွင်းရေးမှူးတဦးဖြစ်တဲ့ သွန်ချိုင် ဆမ်ပရာသွန်ကတော့ အရင်ကလည်း ကုန်းလမ်းခရီးနဲ့ သားရိုင်းတိရစ္ဆာန်တွေကို သယ်ဆောင်ခဲ့ဖူးပြီး ခုတကြိမ်မှာ လေကြောင်းက သယ်ဆောင်မှုအပေါ် မေးခွန်းထုတ်ချင်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။
5 years Ago
Up