ဝက်ဖို့ဒ်လူငယ်ကြယ်ပွင့် ရစ်ချာလီဆင်ကို ပေါင် ၄၄ သန်းဖြင့် အဲဗာတန် ခေါ်ယူ

July 24, 2018

ဝက်ဖို့ဒ်လူငယ်ကြယ်ပွင့် ရစ်ချာလီဆင်ကို ပေါင် ၄၄ သန်းဖြင့် အဲဗာတန် ခေါ်ယူ

အဲဗာတန်အသင်းဟာ ဝက်ဖို့ဒ် လူငယ်ကြယ်ပွင့် ရစ်ချာလီဆင်ကို ပေါင် ၄၄ သန်းနဲ့ ခေါ်ယူ လိုက်ပါတယ်။ အသက် ၂၁ နှစ်ရှိ ရစ်ချာလီဆင်ဟာ ဇူလိုင် ၂၃ ရက်က အဲဗာတန်အသင်းဆီ ရောက်ရှိလာပြီး ဆေးစစ်မှုခံယူခဲ့ပါတယ်။ ဘရာဇီးလူငယ်လက်ရွေးစင် ရစ်ချာလီဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘရာဇီးကလပ် ဖလူးမင်နိစ်အသင်းကနေ ၀က်ဖို့ဒ်အသင်းကို ပြောင်းရွှေ့လာတာပါ။ အဲဒီအချိန်မှာ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၁၁ သန်းပဲ ရှိခဲ့ပါတယ်။ ရစ်ချာလီဆင်ဟာ သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာပဲ စုစုပေါင်း ၃၈ ပွဲအထိ ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အဲဗာတန်အသင်းက ပေါင် ၄၄ သန်းအထိ ပေးပြီးခေါ်ယူလိုက်တာဖြစ်ပါတယ်။
3 years Ago
Up