ဝက်စ်ဟမ်းအသင်း ကစားသမားအပြောင်းအရွှေ့ ဒါရိုက်တာကို ရာထူးမှဆိုင်းငံ့

February 2, 2018

ဝက်စ်ဟမ်းအသင်း ကစားသမားအပြောင်းအရွှေ့ ဒါရိုက်တာကို ရာထူးမှဆိုင်းငံ့

ဝက်စ်ဟမ်းအသင်းဟာ အာဖရိကန် ကစားသမားတွေကို ခေါ်ယူလိုတဲ့ဆန္ဒ မရှိဘူးလို့ ဝန်ခံပြောဆိုခဲ့တဲ့ အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ ဒါရိုက်တာတဦးကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။ အာဖရိကန် ကစားသမားတွေဟာ ဆူပူရမ်းကားပြီး ဆိုးရွားတဲ့သဘောထားတွေ ရှိတာကြောင့် ဝက်စ်ဟမ်းအသင်းက ခေါ်ယူလိုတဲ့ဆန္ဒ မရှိဘူးလို့ အသင်းရဲ့ အပြောင်းအရွှေ့ဒါရိုက်တာ ဟင်နရီက လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့တာပါ။ ဒီလိုပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်တာ မရှိဘူးလို့ ဝက်စ်ဟမ်းအသင်းက ဖြေရှင်းခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့ဒါရိုက်တာ ဟင်နရီကိုလည်း ရာထူးကနေ ဆိုင်းငံ့ထားကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ရာထူးကနေ ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်ပြီး လူမျိုးရေးခွဲခြားမှုပြုလုပ်တာ မဟုတ်ဘဲ တခါတလေမှာ အာဖရိက ကစားသမားတချို့က ဆိုးရွားတဲ့အပြုအမူတွေ ရှိတာလို့ပဲ ပြောခဲ့တာလို့ ဟင်နရီက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အာဖရိကန် ကစားသမားဖြစ်တဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာခိုကို ရောင်းထုတ်ထားပါတယ်။ လက်ရှိ အသင်းလူစာရင်းမှာ အာဖရိကန်ကစားသမားအဖြစ် ကွင်းလယ်ကစားသမား ကူယာတေးတဦးပဲ ရှိတော့ပေမယ့် တခြား အာဖရိကန်ဖွား ကစားသမား ၅ ဦးအထိ ပါဝင်ကစားနေပါတယ်။
4 years Ago
Up