ဝက်စ်ဟမ်းတိုက်စစ်မှူး လန်ဇီနီ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိ

December 19, 2017

ဝက်စ်ဟမ်းတိုက်စစ်မှူး လန်ဇီနီ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိ

စတုတ်စီးတီးနဲ့ပွဲမှာ ပင်နယ်တီရရှိအောင် ဟန်ဆောင်လှဲချခဲ့တဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူး လန်ဇီနီဟာ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟန်ဆောင်လှဲချတဲ့ ကစားသမားတွေကို အရေးယူမယ့် စည်းမျဉ်းသစ် စတင်ကျင့်သုံးနေတာဖြစ်ပြီး လန်ဇန်နီဟာ ဒုတိယမြောက် အရေးယူခံရမယ့် ကစားသမား ဖြစ်လာတော့မှာပါ။ အက်ဖ်အေအနေနဲ့ ဟန်ဆောင်လှဲချခဲ့တဲ့ လန်ဇီနီကို စွဲချက်တင်ထားပြီး တရက်အတွင်း အကြောင်းပြန်ကြားဖို့ ဆင့်ခေါ်ထားပါတယ်။ ဟန်ဆောင်လှဲချမှုကြောင့် အရေးယူခံရတဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမားက အဲဗာတန်တိုက်စစ်မှူး နီယက်ဆီဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဟန်ဆောင်လှဲချပြီး ပယ်နယ်တီရယူခဲ့လို့ ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ ဒိုင်လူကြီးရဲ့ရှေ့မှာပဲ ဖြစ်ပွားခဲ့တာမို့ ဒီလိုအရေးယူမှုပြုလုပ်မယ့် အက်ဖ်အေကို ဝေဖန်ခဲ့ပါတယ်။
4 years Ago
Up