ဝက်စ်ဟမ်းကို အနိုင်ယူပြီး အာဆင်နယ် လိဂ်ဖလား ဆီမီးတက်

December 20, 2017

ဝက်စ်ဟမ်းကို အနိုင်ယူပြီး အာဆင်နယ် လိဂ်ဖလား ဆီမီးတက် (ရုပ်သံ)

အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဂျရူး၊ ဝဲလ်ဘက် တိုက်စစ်အတွဲ၊ ကွင်းလယ်မှာ ဝေါလ်ကော့၊ အယ်လ်နန်နီ၊ ကိုကွီလင် စတဲ့ အဓိက ကစားသမားတွေကို လူငယ်ကစားတွေနဲ့ တွဲပြီး ပွဲထွက်ခဲ့ပါတယ်။ အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးရခဲ့ပမယ့် ခံစစ်နဲ့ ပိတ်ဆို့ကစားခဲ့တဲ့ ဝက်စ်ဟမ်းကြောင့် အနိုင်ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ နည်းပြသစ် မိုယက်စ်လက်ထက်မှာ ပုံစံကောင်းရနေတဲ့ ဝက်စ်ဟမ်းအသင်းကလည်း အဓိက ကစားသမား အများစုနဲ့ ပွဲထွက် ယှဉ်ပြိုင်ခဲ့တာပါ။ အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၂ မိနစ်မှာ တိုက်စစ်မှူး ဝဲလ်ဘက်က သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲအနိုင်ရလို့ လိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့် ရခဲ့ပေမယ့် တိုက်စစ်မှူး ဂျရူး ဒဏ်ရာရသွားလို့ လာမယ့် ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲစဉ်တွေအတွက် ထိခိုက်နစ်နာခဲ့ရပါတယ်။
4 years Ago
Up