ဝက်စ်ဟမ်းကို ကိုက် ၆၀ အကွာမှ သွင်းယူခဲ့သည့် ဝိန်းရွန်နီ၏ အလှပဆုံးဂိုး

December 1, 2017

ဝက်စ်ဟမ်းကို ကိုက် ၆၀ အကွာမှ သွင်းယူခဲ့သည့် ဝိန်းရွန်နီ၏ အလှပဆုံးဂိုး (ရုပ်သံ)

အဲဗာတန်အသင်းက ဝက်စ်ဟမ်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ဝိန်းရွန်နီဟာ အဲဗာတန်အတွက် ပထမဆုံး ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့က ကစားတဲ့ပွဲမှာ ရွန်နီဟာ ပွဲချိန် ၁၈ မိနစ်၊ ၂၈ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ ဝက်စ်ဟမ်းဂိုးသမား ဂျိုးဟတ် ဖျက်ထုတ်လိုက်တဲ့ ဘောလုံး ရွန်နီဆီရောက်ပြီး ကွင်းတဝက် ကိုက် ၆၀ လောက်အကွာကနေ အပြင်းကန်သွင်းလိုက်တဲ့ ဘောလုံးဟာ မြားတစင်းလို အရှိန်အဟုန်နဲ့ ဝက်စ်ဟမ်းဂိုးပေါက်ထဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာပါ။ ဒီသွင်းဂိုးဟာ ဝိန်းရွန်နီရဲ့ သွင်းဂိုးတွေထဲက အကောင်းဆုံးဂိုးတဂိုးအဖြစ်လည်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒီဟက်ထရစ်သွင်းဂိုးဟာ ရွန်နီရဲ့ ၇ ကြိမ်မြောက် ပရီးမီးယားလိဂ် ဟက်ထရစ်သွင်းဂိုးလည်း ဖြစ်ပါတယ်။ ရွန်နီဟာ ၂၀၁၁ ခုနှစ် မန်ယူမှာ ကစားနေစဉ် ဘော်လ်တန်အသင်းဘက်ကို နောက်ဆုံးဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် ၆ နှစ်အကြာမှ ဟက်ထရစ်နောက်တကြိမ် သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
3 years Ago
Up