ဝက်စ်ဘရွန်းနောက်ခံလူ အီဗန်ကို အာဆင်နယ် ခေါ်ယူရန် ပြင်ဆင်

January 29, 2018

ဝက်စ်ဘရွန်းနောက်ခံလူ အီဗန်ကို အာဆင်နယ် ခေါ်ယူရန် ပြင်ဆင်

အာဆင်နယ်အသင်းအနေနဲ့ ဝက်စ်ဘရွန်းနောက်ခံလူ ဂျွန်နီအီဗန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့အတွက်  အသင်းရဲ့ ယူ-၂၁ နောက်ခံလူ ရော့ဘ်ဟိုးဒင်းကို ဘန်လေအသင်းက အငှားပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အီဗန်ကို ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်မတိုင်မီ ပေါင် သန်း ၂၀ နဲ့ ခေါ်ယူလိုနေတာဖြစ်ပြီး အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေခဲ့တာပါ။ အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား မစ်ခီတာယန်းကို ခေါ်ယူခဲ့ပြီးနောက် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းအပြင် ဝက်စ်ဘရွန်း နောက်ခံလူ ဂျွန်နီအီဗန်ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ အီဗန်ကို အာဆင်နယ်အသင်းအပြင် မန်ချက်စတာစီးတီးအသင်းကပါ စိတ်ဝင်စားနေခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up