ဝက်စ်ဘရွန်းနည်းပြအဖြစ် အလန်ပါဂျူးကို ခန့်အပ်

November 30, 2017

ဝက်စ်ဘရွန်းနည်းပြအဖြစ် အလန်ပါဂျူးကို ခန့်အပ်

ဝက်စ်ဘရွန်းအသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးနေရာမှာ ခရစ္စတယ်ပဲလေ့စ် နည်းပြဟောင်း အလန်ပါဂျူးကို ခန့်အပ်လိုက်ပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကြောင့် နိုဝင်ဘာ ၂၀ ရက်ကတည်းက နည်းပြ တိုနီပူးလစ်ကို ထုတ်ပယ်ခဲ့တာပါ။ နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေကို နည်းပြဖူးတဲ့ အလန်ပါဂျူးအနေနဲ့ ဝက်စ်ဘရွန်းအသင်းကို တန်းဆင်းဇုန်ကနေ ရုန်းထွက်အောင် စွမ်းဆောင်ပေးရမှာပါ။ လောလောဆယ် စိန်ခေါ်မှုက နိုင်ပွဲရယူနိုင်ရေးဖြစ်ပြီး ထူးချွန်တဲ့ ကစားသမားတွေနဲ့အတူ အောင်မြင်မှုရအောင် လုပ်ဆောင်သွားမယ်လို့ ပါဂျူးက ပြောပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ လာမယ့် ဒီဇင်ဘာ ၂ ရက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး နည်းပြသစ် အလန်ပါဂျူးရဲ့ ပထမဆုံးလိဂ်ပွဲစဉ် ဖြစ်လာမှာပါ။
4 years Ago
Up