ဝက်စ်ဘရွန်းကွင်းလယ်လူ ဘယ်ရီ ပရီးမီးယားလိဂ် ပွဲအများဆုံး ကစားသူအဖြစ် စံချိန်တင်

September 26, 2017

ဝက်စ်ဘရွန်းကွင်းလယ်လူ ဘယ်ရီ ပရီးမီးယားလိဂ် ပွဲအများဆုံး ကစားသူအဖြစ် စံချိန်တင်

ဝက်စ်ဘရွန်း ကွင်းလယ်ကစားသမား ဂရတ်ဘယ်ရီဟာ အာဆင်နယ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၃၃ ပွဲပြည့်ခဲ့ပြီး သမိုင်းတလျှောက် ပွဲအများဆုံး ကစားနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ဘယ်ရီဟာ မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ် စံချိန်တင်ထားတဲ့ ၆၃၂ ပွဲစံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ပွဲအများဆုံး ကစားသမား ဖြစ်လာတာပါ။ ဒီလို စံချိန်တင်နိုင်တဲ့အတွက် ဂုဏ်ယူမိပြီး လာမယ့်ပွဲတွေ အကောင်းဆုံးကစားနိုင်ဖို့ ဆက်ပြီး ကြိုးစားသွားမယ်လို့ ဘယ်ရီက ပြောပါတယ်။ ပွဲအများဆုံးစံချိန်တင်ခဲ့တဲ့ ဘယ်ရီကို ၆၃၃ နံပါတ်ရိုက်နှိပ်ထားတဲ့ အာဆင်နယ်အင်္ကျီကိုလည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဝက်စ်ဘရွန်းကွင်းလယ်ကစားသမား ဘယ်ရီဟာ ပရီးမီးယားလိဂ် ပထမဆုံးပွဲကို ၁၉၉၇ ခုနှစ်မှာ အက်စတွန်ဗီလာအသင်းနဲ့ စတင်ကစားခဲ့ပြီး မန်စီးတီး၊ အဲဗာတန်အသင်းတွေမှာလည်း ကစားခဲ့ပါတယ်။
4 years Ago
Up