လွှမ်းခြုံ

January 6, 2018

အမေရိကန်၊ကနေဒါနှင့်တရုတ်တို့တွင် အအေးလှိုင်းနှင့် လေပြင်းများ လွှမ်းခြုံ

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းနေရာ အများအပြား၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာ ပြင်းထန်တဲ့ အအေးလှိုင်းနဲ့ လေပြင်းတွေ လွှမ်းခြုံနေလို့ အစွန်းရောက်မိုးလေဝသ အခြေအနေတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) က ဇန်န၀ါရီ ၅ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ တခြားဒေသတွေမှာတော့ ဆောင်းရာသီအတွက် ပုံမှန်ထက်မြင့်တဲ့ အပူချိန်ကို ခံစားနေရတာပါ။ ပြင်သစ်ဟာ ခုလိုရာသီမှာ ပုံမှန်မဟုတ် ဘဲ ပိုအားပျော့တဲ့ အပူချိန်ကို ခံစားနေရတယ်လို့ WMO ပြောခွင့်ရ ကလဲယာ နောလစ်စ်က ရည်ညွှန်း ပြောဆိုပါတယ်။ ပြင်သစ်ဟာ ကျန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ကာမဲန် နဲ့ အယ်လီနော မုန်တိုင်းတွေကို ရင်ဆိုင်ခဲ့ရလို့ ထောင်နဲ့ချီတဲ့ အိမ်တွေ လျှပ်စစ်မီး မရသေးဘဲ ရှိနေပါတယ်။ ကမ္ဘာ့တောင်ပိုင်း အထူးသဖြင့် သြစတြေးလျနဲ့တောင်အာဖရိကနိုင်ငံတွေမှာ အပူလှိုင်းတွေ ဖြတ်သန်းနေတယ်လို့လည်း နောလစ်က ပြောပါတယ်။ တောင်အာဖရိက နဲ့ ပတ်ဝန်းကျင် နိုင်ငံတွေဟာ ၂၀၁၅ ခုနှစ်က စံတင်ချိန် အပူဆုံးနဲ့ အခြောက်သွေ့ဆုံး နွေကို ရင်ဆိုင်ခဲ့ရတာပါ။ သီတင်းပတ်ချီ အပူလှိုင်း ဖြတ်ခဲ့လို့ မိုးခေါင်ခဲ့တဲ့အတွက် စိုက်ပျိုးရေး ကဏ္ဍကို ထိခိုက်ခဲ့ ပါတယ်။ ဒါကြောင့် ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပြီး လူ ၂၇ သန်းအတွက် စားနပ်ရိက္ခာ မလုံလောက်မယ့် ဘေးက ခြိမ်းခြောက်နေပါတယ်။
4 years Ago
Up