လွှမ်းပိုင်

July 4, 2018

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ အဆိုတော် လွှမ်းပိုင် သီဆိုသည့် ကြွေ ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)

    “ညင်သာစွာ လမ်းလျှောက်သွားတိုင်းမှာ… မင်းနောက်က ကိုယ်ပါ… ကြင်နာစွာ ပြုံးပြလိုက်တိုင်းမှာ… နှလုံးသားလေး ကြွေသွား… စေလိုရာ စေဖို့ ချခင်းထား… ချစ်တဲ့သူ ခြေမှာ…” ဒါကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဟစ်ဟော့ပ်အဆိုတော် လွှမ်းပိုင် သီဆိုထားတဲ့ ကြွေ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ် ဖြစ်ပါတယ်။ သူကိုယ်တိုင် ရေးစပ်ထားတဲ့ ဒီသီချင်းဟာ လက်ရှိမှာတော့ လူငယ်ပရိသတ်တွေကြား နာမည်ကြီးနေပြီး တရက်အတွင်း ဝင်ရောက်ကြည့်ရှုသူ ပရိသတ် တသိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ လွှမ်းပိုင်ဟာ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသမီး အိချောပိုနဲ့ တွဲဖက်ကာ ခေါင်းဆောင်ပါဝင်ထားပြီး ဒါက ဒုတိယမြောက်ထွက်ရှိလာမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာ မင်းလူရဲ့ ဝတ္ထုကို ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ BoBo Film Production က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ လွှမ်းပိုင်ဟာ မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ဇာတ်ကားမှာ သရုပ်ဆောင် အဆိုတော် ရဲရင့်အောင်၊ သရုပ်ဆောင်မင်းသမီး ဖွေးဖွေးတို့နဲ့အတူ ပါဝင်ခဲ့ပြီး ပရိသတ် အားပေးမှုတွေ ရရှိထားခဲ့တာပါ။ ခုနောက်ထပ် ထွက်ရှိလာမယ့် ဒီကားထဲမှာတော့ ဘယ်လိုပုံစံတွေနဲ့ အချစ်၊ ဟာသ ဇာတ်ရုပ်တွေကို ပုံဖော်ရိုက်ကူးထားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ “အို… ကြွေပြီ… ကြွေပြီ… ကြွေပြီ… အို… ကြွေပြီ… ကြွေပြီ… ကြွေပြီ… မင်းရဲ့ မျက်နှာလေးကို တွေ့နေရရင် ငါ သေပျော်တယ်… ငါတော့ ချစ်မိပြီ…”စတဲ့ သီချင်းစာသား တွေနဲ့အတူ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ပုံရိပ်တွေကို ဒီသီချင်းထဲမှာ ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။
3 years Ago
Up