လွှတ်​​တော်​ကိုယ်​စားလှယ်

October 28, 2018

လွှတ်​​တော်​ကိုယ်​စားလှယ်​က ဖေ့စ်ဘွတ်ခ်အကောင်ပိုင်ရှင် ၂ ဦးကို အမှုဖွင့်

အန်အယ်လ်ဒီပါတီက နုတ်ထွက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က သူ့ကို ဖေ့စ်ဘွတ်ခ်မှာ ထိခိုက်နစ်နာအောင်ရေးခဲ့သူ နှစ်ယောက်ကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်လိုက်ပါတယ်။ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၅ က ကိုယ်စားလှယ် ဦးတင်အောင်ထွန်းဟာ ပါတီက နုတ်ထွက်ပြီးတဲ့နောက် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ရဲ့ ပြောဆိုချက်တွေဟာ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာစေတာကြောင့် အောက်တိုဘာ ၂၃ ရက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်တွေက Nan Da အမည်​နဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ကနေ “ဗဟို အလုပ်​အမှုဆောင်​အဖွဲ့ဝင်​ ​ဒေါက်​တာမျိုးညွန့်ကို တရားစွဲသတဲ့၊ ပြုံးမိတယ်​” “တရားစွဲတဲ့ ၁ ပြားတန်​​---​ ဖတ်​ရန်​ မှတ်​ရန်​ နောင်​ဘဝထိသိရန်​” စသဖြင့် ရေးသားထားတယ်လို့ ဆိုပါတယ်။ Ko Myat Ko ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း “ပြန်​ကိုက်​ပြီ​ဟေ့” လို့ မှတ်ချက် ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီအကောင့် ၂ ခုရဲ့ ပိုင်ရှင်တွေကို အရေးယူပေးဖို့ အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်းက မင်းဘူးမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆ (ဃ) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago

February 6, 2017

လွှတ်​​တော်​ကိုယ်​စားလှယ်​​တာဝန်​က ပြန်​လည်​ရုပ်​သိမ်းခြင်းဆိုင်​ရာ ဥပဒေ​ရေးဆွဲပြီး

  လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီး ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က “ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့ အချက်တွေကို သေချာစိစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲပီးပါပြီ။ ဥပဒေက ကိုယ်စားလှယ်တွေနဲ့ပဲ သက်ဆိုင်တာဖြစ်တဲ့အတွက် လွှတ်တော်တင်တဲ့အခါ အရင်လို အကြာကြီးမဆွေးနွေးရအောင် အပြင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရင်ဆွေးနွေး အတည်ပြုပြီးမှ လွှတ်တော်ကို တင်ပြဖို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၆ ရက် ပြည်သူ့လွှတ်တော်မှာ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအား ပြဌာန်းပေးရန် အစီစဉ် ရှိ/မရှိ အဆိုနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုယ်စား ဦးအောင်မြင့်က ပြန်လည်ဖြေကြားခဲ့တာပါ။ သတင်း - အောင်ဆန်းဦး
4 years Ago
Up