လွှတ်တော်နှစ်ရပ်

January 30, 2017

လွှတ်တော်နှစ်ရပ် ပြန်လည်ကျင်းပ

၁ လကျော်ကြာ ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွေကို ဇန်နဝါရီ ၃၀ ရက် ဒီနေ့ ပြန်လည်စတင်လိုက်ပါတယ်။ ဒီတကြိမ် လွှတ်တော်မှာ အစိုးရဘတ်ဂျက်ကိစ္စ အဓိကဆွေးနွေးကြဖို့ရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥပဒေ ၇ ခု အတည်ပြုနိုင်ခဲ့ပြီး ဥပဒေကြမ်း ၁၀ ခု အတည်ပြုဖို့ ကျန်ရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်း  ၅၀ ခန့် ရှိသွားပြီ ဖြစ်ပါတယ်။
5 years Ago
Up