လွှတ်တော်အမတ်များ ဝေဖန်

A d v e r t i s e m e n t With Us

October 8, 2016

ပရာရွတ်ချန်အိုချာ ၀န်ကြီးချုပ်အဖြစ် ဆက်ရှိနေရန် ကြိုးစားမှုအပေါ် လွှတ်တော်အမတ်များ ဝေဖန်

လာမယ့်နှစ် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်အာဏာသိမ်းခေါင်းဆောင် ပရာရွတ် ချန်အိုချာက ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေရန် သေချာစေရေးအတွက် စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြားခံ နိုင်ငံရေးပါတီတရပ်ကို သိုင်းဝိုင်းဖန်တီးနေတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ သြဂုတ်လက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ အခြေခံ ဥပဒေအသစ်ကို မဲပေးလက်ခံပြီးပါပြီ။ ဒီအခြေခံ ဥပဒေသစ်ကြောင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်မှာပါ။ ဒါပေမယ့် စစ်အစိုးရရဲ့ ကန့်သတ်ချက်အတိုင်း အုပ်ချုပ်မယ့် ရွေးကောက်ခံ အစိုးရ တရပ် လိုအပ်နေပါတယ်။ လောလောဆယ်တော့ အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ်ဟာ အရပ်သား ခေါင်းဆောင်အနေနဲ့ ဂရုတစိုက် စီစဉ်ထားတဲ့ ပုံရိပ်ကို ရရှိရေး ကြိုးစားနေတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းက ရေကြီးနေတဲ့ ဒေသတွေဆီကို ဗုဒ္ဓဟူးနေ့က သွားရောက် ခဲ့ပါတယ်။ ဒေသခံတွေနဲ့တွေ့ဆုံပြီး အကူအညီတွေကိုလည်း ဖြန့်ဝေ ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၃ ရပ်လုံးမှာ တည်ငြိမ်အောင်လုပ်ဖို့ ရွေးကောက်ပွဲအပြီးမှာ ဝန်ကြီးချုပ်က နောက်လေးနှစ် ရာထူးတည်မြဲနေဖို့ လိုတယ်လို့ အထက်လွှတ်တော် အမတ်ဟောင်း ပိုင်ဘွန်နစ်တစ်တာဝမ်က ပြောပါတယ်။ ထိုင်းနိုင်ငံရေးသမားတွေမှာ မရှိတဲ့ အရည်အချင်း ၃ ရပ် ဖြစ်တဲ့ ကောင်းမွန် ပါရမီပါပြီး ရိုးသားမှု ပရာယွတ်သ်မှာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ အဓိက နိုင်ငံရေးပါတီက နိုင်ငံရေး သမားတွေကတော့ စစ်တပ်ဟာ ပိုင်ဘွန်ရဲ့ ပါတီမှာ လူတွေ ပူးပေါင်းဖို့ ပြည်သူကို ဆွယ်တရားဟော နေတယ်လို့ ပြောပါတယ်။ “စစ်တပ်က လက်ခံတဲ့ နိုင်ငံရေးပါတီရှိတယ်၊ ဝန်ကြီးချုပ်ကတော့ ပရာယွတ် ဖြစ်ချင်မှဖြစ်မယ် တပ်ကလက်ခံသူ တယောက် ဖြစ်မှာတော့ သေချာတယ်” လို့ နိုင်ငံရေး အကဲခတ် သစ်တိနန် ပွန်ဆုဒ်ဒီရပ်ခ်က ပြောပါတယ်။ အခြေခံ ဥပဒေသစ်အရ အထက်လွှတ်တော်မှာ စစ်တပ်ကခန့်အပ်တဲ့ အမတ်၂၅၀ ရှိမှာ ဖြစ်ပြီး ၆ နေရာက စစ်တပ်နဲ့ ရဲဘက် အကြီးအကဲတွေအတွက် ချန်ထား ရမှာပါ။ ရွေးကောက်ခံ မဟုတ်တဲ့ ဝန်ကြီးချုပ်အတွက် လွှတ်တော်အမတ်တွေက မဲပေး တင်မြှောက်နိုင်ဖို့ စစ်တပ်ဟာ အောက်လွှတ်တော်မှာ အမတ် ၁၂၅ယောက် ရှိဖို့ လိုနေပါတယ်။ စစ်တပ်က အကူးအပြောင်း ကာလ၊ အထွေထွေ ရွေးကောက်ပွဲနဲ့ ထီးနန်း ဆက်ခံရေးတွေမှာ ဆက်ပြီး အာဏာရှိထားဖို့ အခြေခံ ဥပဒေက ခွင့်ပြုထားပါတယ်။
4 years Ago
Up