အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့က အမျိုးသားလွှတ်တော် အဆောက်အအုံနားမှာ သေနတ်ပစ်ခတ်မှုတခုကြောင့် လွှတ်တော်အမတ်တယောက် ဒဏ်ရာရပြီး အကြံပေးဖြစ်သူ သေဆုံးခဲ့ပါတယ်။
မေ ၉ ရက် မနက်အစောပိုင်းက လွှတ်တော်အဆောက်အအုံနားမှာ လမ်းလျှောက်လာတဲ့ လာရီယိုဟာပြည်နယ်ဆိုင်ရာ လွှတ်တော်အမတ် ဟတ်တာ အိုလီဗာရက်စ်နဲ့ သူ့ရဲ့အကြံပေး မီဂူရယ် ယာဒွန်တို့ကို သေနတ်သမားနှစ်ယောက်က ပစ်ခတ်ခဲ့တာပါ။
လွှတ်တော်အမတ် အိုလီဗာရက်စ်ဟာ သေနတ်နဲ့ ၃ ချက် အပစ်ခံရပြီး ဒဏ်ရာရခဲ့ပေမယ့် အကြံပေး ယာဒွန်ကတော့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း သံသယရှိသူ ဘယ်သူဘယ်ဝါဆိုတာနဲ့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကို အာဏာပိုင်တွေက တရားဝင် မကြေညာသေးပါဘူး။
အဲဒီပစ်ခတ်မှုမှာ အကြံပေး ယာဒွန်က အဓိကပစ်မှတ်ဖြစ်တယ်လို့ လုံခြုံရေးဝန်ကြီး ပက်ထရစ်ကာ ဘူလ်ရစ်ခ်ျက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2 years Ago