လွှတ်တော်အတွင်း ပိုကီမွန်ဂိမ်းဆော့နေစဉ် လူမိသွားသည့် နော်ေ၀၀န်ကြီးချုပ်

A d v e r t i s e m e n t With Us

October 7, 2016

လွှတ်တော်အတွင်း ပိုကီမွန်ဂိမ်းဆော့နေစဉ် လူမိသွားသည့် နော်ေ၀၀န်ကြီးချုပ်

လွှတ်တော်ဆွေးနွေးပွဲတွေမှာ ပိုကီမွန်ဂိမ်းဆော့နေတာကို လူမိရတဲ့အဖြစ်ဟာ ဒါ ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတခါလူမိသွားတာကတော့ ၀န်ကြီးချုပ်အ မျိုးသမီးတဦးဖြစ်နေခြင်းပါပဲ။ နော်ဝေနိုင်ငံမှာ အောက်တိုဘာလ ၄ ရက်နေ့က ပါလီမန်အစည်းအဝေးကျင်းပနေ ချိန်မှာ ပိုကီမွန်ဂိမ်းဆော့နေတဲ့ ၀န်ကြီးချုပ် အာနာဆိုးလ်ဘာ့ဂ်ကို တွေ့ခဲ့ကြရတာလို့ သည်ဂါးဒီးယန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဟာ ပြီးခဲ့တဲ့လက စလိုဗက်ကီး ယားနိုင်ငံကို သွားရောက်ခဲ့ချိန်မှာလည်း အစည်းအဝေးခေတ္တနားချိန်မှာ ပိုကီမွန်ဂိမ်း ဆော့နေခဲ့ပြီး ဒီဂိမ်းကိုဆော့ရတာ နှစ်သက်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။ ပါလီမန်အစည်းအဝေးကျင်းပချိန်မှာ ပိုကီမွန်ဂိမ်းဆော့တာဟာ သူတဦးတည်း တော့ မဟုတ်ပါဘူး။ နော်ဝေနိုင်ငံ၊ လစ်ဘရယ်ပါတီခေါင်းဆောင် ထရိုင်း စခီဂရဲန်းဒ်ဟာလည်း ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အမျိုးသားလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ပိုကီမွန်ဂိမ်းဆော့နေခဲ့ တယ်လို့ ဆိုပါတယ်။
4 years Ago
Up