ဖေဖော်ဝါရီလမှာ စတင်တော့မယ့် ဒုတိယအကြိမ် လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အမျိုးသားလွှတ်တော်အတွက် ဗိုလ်ချုပ် ၁ ဦး အပါအ၀င် ၅၆ ဦးနဲ့ ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ် ၂ ဦး အပါအ၀င် အယောက် ၁၁၀ ကို ထုတ်ပြန် ကြေညာလိုက်တာပါ။
ဒါ့အပြင် တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေအတွက်လည်း ကိုယ်စားလှယ် အယောက် ၂၂၀ ကြေညာလိုက်ပြီး ရန်ကုန်တိုင်းမှာတော့ ဗိုလ်ချုပ် ၁ ဦး ပါဝင်တာကို တွေ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်အားလုံးရဲ့ လေးပုံတပုံ ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စာရင်းကို ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် တချို့နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ၂၅ ရာခိုင်နှုန်းထက် ပိုများနေမှာ ဖြစ်ပါတယ်။
7 years Ago