လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆို

January 10, 2018

လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် စစ်ကိုင်းတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ စစ်ကိုင်းတိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းခရိုင် မြို့နယ် တာဝန်ရှိသူ တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နေပါတယ်။ ပါတီတွင်း ကိစ္စတွေ ဆွေးနွေးတာဖြစ်လို့ဆိုပြီး သဘာပတိမိန့်ခွန်းအပြီးမှာ မီဒီယာတွေကို ခန်းမအပြင်ထွက်ခိုင်းတဲ့အတွက် ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီတွေ့ဆုံပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘာဘာကတော့  “ကျနော်တို့ အစိုးရ တက်လာတာ ၂ နှစ်ပြည့်တော့မယ်။ တချို့လုပ်ငန်းတွေက မြန်မြန်ဆန်ဆန် မပြီးပြတ်ဘဲနဲ့ တန်းလန်းတွေ ဖြစ်နေတယ်။ ဒါတွေကို ၂၀၁၈ အတွင်းမှာ အပြတ်ဖြတ်ရမယ်။ အပြတ် မဖြတ်နိုင်ရင် အချိန်မရှိတော့ဘူး။ ဒီတိုင်းပြည်၊ ဒီလူမျိုးတွေအတွက် ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အခြေခံဥပဒေပြုပြင်နိုင်ဖို့ လုပ်နိုင်မှာပါ။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ ဆန္ဒကတော့ ၂၀၁၈ မှာ အားလုံးပြီးချင်ပါတယ်။ အားလုံးပြီးမယ်လို့လည်း မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ တချို့မြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမှုဆောင်တွေနဲ့ မတည့်ကြလို့ တိုင်းအနေနဲ့လည်း ခဏခဏ မြို့နယ်တွေသွားပြီး ဖြေရှင်းနေရတယ်။ လွှတ်တော် ကိုယ်စားလှယ်အချို့ကလည်း ပြည်သူတွေနဲ့ လုပ်ငန်းတွေမှာ တော်တော်လေး ဝေးကွာတာ တွေ့နေရတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ခေါ်ယူပြီး တိုင်းအနေနဲ့ အကျိုးအကြောင်း ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
4 years Ago

December 14, 2017

လွှတ်တော်ကိုယ်စားလှယ်များအချိန်ကိုလေးစားရန် စစ်ကိုင်းလွှတ်တော်ဥက္ကဋ္ဌမှာကြား

  လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အချိန်ကိုလေးစားကြဖို့၊ စည်းလုံးညီညွတ်ကြဖို့၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းကမှာကြားလိုက်ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၇ ရက်တာကျင်းပခဲ့ပြီး ဒီကနေ့ ရပ်နားရာမှာ ပြောကြားသွားတာဖြစ်ပါတယ်။ “ဆွေးနွေးမယ့်အကြောင်းအရာ၊ ခေါင်းစဉ်တွေကို ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ တိတိကျကျ ရေးတင်ကြဖို့ လွှတ်ေတာ်ကိုယ်စားလှယ်အားလုံးကို မှာကြားခဲ့ပြီး အစိုးရအဖွဲ့ကိုလည်း နောင်ပြုလုပ်မယ့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ် အစည်းအဝေးတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ဌာနအကြီးအကဲ တာဝန်ခံတွေကိုယ်တိုင်တက်ရောက်နိုင်ရေး ဌာနတွေကိုညွှန်ကြားပေးဖို့” လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက မှာကြားခဲ့ပါတယ်။ လွှတ်တော်ပုံမှန်အစည်းအဝေး ၇ ရက်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ က စုစုပေါင်း ကြယ်ပွင့်ပြ မေးခွန်း ၅၅ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၁ခု၊ အဆို ၂ ခု၊ ဥပဒေ မူကြမ်း ၁ခုတို့ကိုတင်သွင်းဆွေးနွေးခဲ့ပြီး အရင်ကတင်သွင်းထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဥပဒေမူကြမ်းတို့ကို ဆွေးနွေးမေးမြန်း အတည်ပြုခဲ့ကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၁ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၂ ကြိမ်၊ စုစုပေါင်း အစည်းအဝေး ၁၄ ကြိမ်ခေါ်ယူပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည်ကျင်းပမှာဖြစ်ပါတယ်။ လွှတ်ေတာ်ရပ်နားထားစဉ်အတွင်း ကိုယ်စားလှယ်တွေအနေနဲ့ မဲဆန္ဒနယ်မြေတွေအတွင်းကွင်းဆင်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ကိုလည်း လွှတ်တော်အမတ်တွေကိုတိုက်တွန်းလိုက်ပါတယ်။
4 years Ago
Up