လှိုင်းနီ

A d v e r t i s e m e n t With Us

April 28, 2016

လှိုင်းနီကြောင့် ချီလီကမ်းခြေတွင် ခရုများ သိန်းချီသောင်တင် (ရုပ်သံ)

ယောက်သွားနဲ့ ခုံးကောင် အပါအ၀င် သိန်းချီတဲ့ ခရုတွေဟာ အဆိပ်အတောက်ဖြစ်စေတဲ့ လှိုင်းနီဒဏ်ကြောင့် ချီလီတောင်ပိုင်းက ချီလွိုင်ကမ်းခြေမှာ သောင်တင်နေပါတယ်။ ချီလီရေတပ်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ချီလွိုင် ကျွန်းစုတွေမှာ သိန်းချီတဲ့ ခရုတွေ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ သောင်တင်နေတဲ့ ခရုတွေဟာ ၅ ကီလိုမီတာ (၃ မိုင်) နီးပါးရှိပြီး ဂဏာန်းအနည်းငယ် ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဆိပ်ကမ်းအာဏာပိုင်တွေက သတင်းရရှိပြီး သွားရောက်စစ်ဆေးခဲ့တာ ဖြစ်သလို အဆိပ်အတောက်ဖြစ်နေတဲ့ ခရုတွေ၊ ယောက်သွားတွေ၊ ဂုံးကောင်တွေကို မစားဖို့ သတိပေးထားပါတယ်။ သဘာဝအတိုင်းဖြစ်နေတဲ့ မှော်ပင်၊ ရေညှိပင်တွေက ထိန်းမနိုင်သိမ်းမရ ပွင့်လာရင် ကမ်းစပ်က အရောင်ပြောင်းသွားပြီး လှိုင်းနီဖြစ်လေ့ရှိပါတယ်။ ရေမှော်တွေ ထိန်းမရသိမ်းမရပွင့်လာရင် ရေထဲက အောက်ဆီဂျင် လျော့သွားပြီး ငါးနဲ့ ရေနေသတ္တ၀ါတွေ သေဆုံးနိုင်တဲ့ အဆိပ်တွေ ထုတ်လိုက်ပါတယ်။ ဒီအဆိပ်တွေကလည်း လူတွေရဲ့ အသက်ရှူလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေပြီး ချောင်းဆိုးစေသလို အသက်ရှူကျပ်စေပါတယ်။ အရင်လက အယ်နီညိုဖြစ်စဉ်ကြောင့် သမုဒ္ဒရာအပူချိန်တွေ မြင့်မားလာသလို လှိုင်းနီဖြစ်စေတဲ့ အဆိပ်သင့်ရေမှော် ဖူးပွင့်မှုတွေ ဖြစ်လာပါတယ်။
5 years Ago
Up