လှုပ်ရှားသူများ တွေ့ဆုံ

October 28, 2016

သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများ တွေ့ဆုံ (ဓာတ်ပုံ)

မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ ၅ နှစ်မြောက် တွေ့ဆုံပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ အောက်တိုဘာ ၂၈ ရက်နေ့က စတင်ကျင်းပပါတယ်။ ကွန်ရက်တွေ့ဆုံပွဲကို ရန်ကုန်၊ မန္တလေး အပါအဝင် တနိုင်ငံလုံးက သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားကာကွယ်သူ အယောက် ၂၀၀ ခန့် တက်ရောက်နေပါတယ်။ တွေ့ဆုံပွဲကို ၃ ရက်ကျင်းပမှာဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ မြစ်ဆုံဒေသမှာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှာ ဖြစ်ပြီး မြစ်ဆုံဆည် တည်ဆောက်မှုကို ကန့်ကွက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ- ထွန်းထွန်းသိန်း
5 years Ago
Up