လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ)

March 28, 2017

ငြိမ်းချမ်းရေး ချိုးကူသံလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ)

မြန်မာပြည်တဝန်း ငြိမ်းချမ်းစေဖို့အတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလိုလားသူများကွန်ရက် (မန္တလေး)  အဖွဲ့က စီစဉ်ကျင်းပတဲ့ ငြိမ်းချမ်းရေး ချိုးကူသံ လှုပ်ရှားမှုမှာ ငြိမ်းချမ်းရေးတေးသီးချင်းတွေသီဆို ကဗျာတွေရွတ်ဆိုကာ ငြိမ်းချမ်းရေးအထိမ်းမှတ် ငှက်ကလေးတွေကို လှောင်ချိုင့်ထဲကနေ ဘေးမဲ့ လွှတ်ပေးခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့  ညနေခင်းက ရန်ကုန်-မန္တလေးလမ်းနဲ့ သိပ္ပံလမ်းထောင့်ရှိ ပန်းခြံမှာ  ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ - အောင်အောင်နိုင်
5 years Ago
Up