လှုပ်ရှားမှု

June 1, 2018

ပလတ်စတစ် လျှော့ချရေးလှုပ်ရှားမှု ရန်ကုန်တွင် လုပ်ဆောင်မည်

ပလတ်စတစ် အသုံးပြုမှုလျှော့ချရေး လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဇွန်လ ပထမပတ်အတွင်း ဆောင်ရွက်သွားမယ်လို့ သန့်မြန်မာအဖွဲ့က ပြောပါတယ်။ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပြီး ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ‘ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ’လို့ သတ်မှတ်ထားပါတယ်။ ရန်ကုန်မှာ ပလတ်စတစ် လျှော့ချရေး လှုပ်ရှားမှုအဖြစ် မေ ၃၁ ရက်က အမေရိကန်စင်တာမှာ Plastic Ocean ဇာတ်ကား ပြသသွားခဲ့သလို ဇွန် ၂ ရက်မှာလည်း ရန်ကုန်မြို့လယ်မှာ  ဒေါင်းရိုက်ရဲ့ ညစ်ညမ်းမှုလှိုင်း သရုပ်ဖော်ပြသဖို့ရှိပါတယ်။ ဇွန် ၄ ရက်နေ့မှာ အနုပညာရှင်တွေပါဝင်တဲ့ လတ်စတစ် ညစ်ညမ်းမှု ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်သလို ဇွန်လ ၅ ရက်မှာတော့  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဖြစ် ဇွန်လ ၈ ရက်နေ့အထိ တနိုင်ငံလုံးမှာ ပလတ်စတစ် လျှော့ချရေး လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ သန့်မြန်မာအဖွဲ့က မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
3 years Ago

March 19, 2018

လိင်​အကြမ်းဖက်​မှု ကြီးလေးသည့် ပြစ်ဒဏ်ပေးရေးလှုပ်​ရှားမှု မျှော်​စင်​ကျွန်းတွင် ပြုလုပ် (ဓာတ်ပုံ)

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်​မှုတွေကို ကြီး​လေးတဲ့ ပြစ်​ဒဏ်​​ပေးဖို့​ တောင်းဆိုတဲ့ ပညာ​ပေးလှုပ်​ရှားပွဲကို မတ်​လ ၁၈ ရက်​​က ရန်​ကုန်​မြို့ ကန်​​တော်​ကြီး​ မျှော်​စင်​ကျွန်းမှာ ပြုလုပ်​သွားပါတယ်​။ ဒီပွဲမှာ လိင်​အကြမ်းဖက်​မှု ဖြစ်​စဉ်​​တွေနဲ့ သက်​ငယ်​မုဒိမ်းမှုတွေကို ထိ​ရောက်​ပြီး ကြီး​လေးတဲ့ ပြစ်​ဒဏ်​​ပေးဖို့ကို လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ၊ အနုပညာရှင်​တွေ၊ ဥပ​ဒေပညာရှင်​​တွေနဲ့ တက်​ကြွလူပ်​ရှားသူ​တွေက အနုပညာနဲ့ ပညာပေးသရုပ်​​ဖော်​တာ​တွေ ပြုလုပ်​ခဲ့ကြပါတယ်။
3 years Ago
More News
Up