လကြတ်သည့်ပုံကို

February 1, 2018

လကြတ်သည့်ပုံကို တရုတ်တွင် လူသန်းနှင့်ချီ ကြည့်ရှု (ရုပ်သံ)

လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော် ချင်မင်းဆက်လက်ထက်က နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ လကြတ်တဲ့ပုံစံကို ဇန်နဝါရီ ၃၁ ရက်က တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ လူသန်းနဲ့ချီပြီး ကြည့်ရှုခဲ့ကြပါတယ်။ အခုလ အပြည့်ကြတ်တဲ့ ပုံကို မြင်တွေ့ခဲ့ကြတဲ့ ပစိဖိတ်အနားသတ်နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းလည်း ပါဝင်တာပါ။ ဇန်နဝါရီ ၃၁ ညပိုင်းမှာ ဖြစ်ခဲ့တဲ့ လအပြည့်ကြတ်တဲ့ဖြစ်စဉ်ဟာ ၃ နာရီကျော်ကြာ ကြာမြင့်ခဲ့ပြီး၊ နေကနေ ကမ္ဘာပေါ်ကို ကျရောက်တဲ့ အလင်းရောင်ဟာ လမျက်နှာပြင်ပေါ်ကို ပြန်လည်ကျရောက်ခဲ့တာကြောင့် ကြေးနီးရောင်သန်းနေတဲ့ လအဖြစ် ပြောင်းလဲသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up