လကြတ်မှု

July 28, 2018

၂၁ ရာစုအတွင်း အရှည်ကြာဆုံး လကြတ်မှုဖြစ်စဉ် အီဂျစ်တွင် လူသောင်းချီ ကြည့်ရှု

၂၁ ရာစုရဲ့  အရှည်ကြာဆုံး လကြတ်မှု ဖြစ်စဉ်ကို ဇူလိုင် ၂၇ ရက်နေ့က အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့မှာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလကြတ်မှု ဖြစ်စဉ်ဟာ ၁ နာရီ ၄၃ မိနစ် ကြာမြင့်ခဲ့ပြီး နက္ခတ်ပညာရှင်တွေနဲ့ ဒေသခံတွေ စုဝေးကြည့်ရှုခဲ့ကြပါတယ်။ လကြတ်မှု ဖြစ်စဉ်အတွင်း လမျက်နှာပြင်ဟာ အနီရောင် ဒါမှမဟုတ် အညိုရောင် သမ်းသွားခဲ့ပြီး ဒါဟာ ကမ္ဘာ့လေထုအတွင်းကို အလင်းရောင် ဖြတ်သန်းရောက်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအတွက် သွေးရောင်လွှမ်းတဲ့ လအဖြစ် မြင်တွေ့ရပြီး အဲဒီဖြစ်စဉ်ကို သောင်းနဲ့ချီတဲ့ အီဂျစ်ပြည်သူတွေ လာရောက်ကြည့်ရှုခဲ့တာပါ။ အဲဒီလကြတ်မှု ဖြစ်စဉ်ကို ဇင်ဘာဘွေနိုင်ငံမှာလည်း မြင်တွေ့ရတယ်လို့ သိရပါတယ်။ မြောက်အမေရိက တိုက်မှာတော့ ဒီဖြစ်စဉ်နဲ့ လွဲချော်ခဲ့ပြီး အခုလို လကြတ်မှု ဖြစ်စဉ်ကို လာမယ့်နှစ် ဇန်န၀ါရီ ၂၁ ရက်နေ့မှာ ကြုံတွေ့ရမယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up