လှေမြုပ်

January 12, 2020

ဂရိနိုင်ငံကမ်းလွန်ပင်လယ်တွင် ရွှေပြောင်းနေထိုင်သူများ စီးလာသည့်လှေမြုပ်၊ ၁၂ ဦး သေဆုံး

ဂရိနိုင်ငံအနောက်ပိုင်းက ကျွန်းတကျွန်းရဲ့ကမ်းလွန်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေ စီးလာတဲ့လှေတစီး ဇန်နဝါရီ ၁၁ ရက်က နစ်မြုပ်လို့ လူ ၁၂ ယောက်ထက်မနည်း ရေနစ် သေဆုံးတယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။  ဒါဟာ ဂရိရွှေ့ပြောင်းနေထိုင်းခြင်းအကြပ်အတည်းမှာ လပေါင်းများစွာအတွင်း လူအသေအပျောက် အများဆုံးဖြစ်ရပ်ဖြစ်ပြီး  လူ ၂၁ ယောက်ကို ကယ်နိုင်ခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ် က ပြောပါတယ်။။ ပါဇို့ကျွန်းရဲ့အနောက်တောင် ကမ်းလွန်ရေပြင်မှာ ရှင်သန်ကျန်ရစ်သူတွေကို ရဟတ်ယာဉ်တွေ သင်္ဘောတွေနဲ့ ရှာနေဆဲဖြစ်ပါတယ်။  လှေပေါ်မှာ လူအယောက် ၅၀ လောက်ထိ ပါလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  လှေပေါ်က ကယ်ဆယ်ရေးအချက်ပြမှုကို ရအပြီး အဲဒီနယ်မြေမှာ ပိုက်စိပ်တိုက် ရှာခဲ့တယ်လို့ ဂရိအာဏာပိုင်တွေက ပြောပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။  တူရကီကနေ ဂရိနိုင်ငံဆီ ဦးတည်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှေတွေကို ဂရိ အာဏာပိုင်တွေက ပုံမှန် ထောက်လှမ်းလေ့ရှိပါတယ်။  အီတလီနိုင်ငံဘက်ခြမ်း ဂရိရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာ ပင်လယ်ပြင် ကပ်ဆိုက်တာ တွေ ဖြစ်တာ နည်းပါတယ်။  ၂၀၁၅ - ၂၀၁၆ ဥရောပရွှေ့ပြောင်းနေထိုင်မှု အကြပ်အတည်းအတွင်း အရှေ့အလယ်ပိုင်း ဒေသက စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁ သန်းကျော် ဂရိနိုင်ငံထဲကို ရောက်လာခဲ့တာပါ။ တူရကီနိုင်ငံနဲ့ မျက်နှာချင်းဆိုင်က ဂရိကျွန်းတွေပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ လက်ခံရေးဌာနတွေမှာ လူတွေ အလွန်အမင်းကြပ်ညှပ်နေပါတယ်။  ၂၀၁၉ မှာတော့ ပင်လယ်ကိုဖြတ်ပြီး ရောက်လာသူ အများစုပါတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၇သောင်းခွဲနီးပါး ဂရိနိုင်ငံကို ရောက်လာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCRက ပြောပါတယ်။
1 year Ago
Up