လှေနှင့်သင်္ဘောတိုက်

August 31, 2021

ပီရူးနိုင်ငံ အမေဇုန်ဒေသ၌ လှေနှင့်သင်္ဘောတိုက်မိပြီး လူ ၂၀ ထက်မနည်း သေဆုံး

ပီရူးနိုင်ငံရဲ့ အကြီးဆုံးသစ်တော ဖြစ်တဲ့ အမေဇုန်ဒေသမှာ သြဂုတ် ၂၉ ရက်က မြစ်တွင်းစီး လှေတစ်စီးနဲ့ ကုန်တင်သင်္ဘာတို့ တိုက်မိလို့ လူ ၂၀ ထက်မနည်း သေဆုံးပြီး အယောက် ၅၀ ကျော် ပျောက်နေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ 

ယူရိမာဂုအတ်စ်မြို့နားက ဟွယ်လာဂါမြစ်ထဲမှာ မြူတွေ သိပ်သိပ်သည်းသည်းကျနေတဲ့ မနက် အရုဏ်တက်အချိန် ခရီးသည် အပြည့်တင်ထားတဲ့ လှေက ကုန်စည်တွေ တင်လာတဲ့ ဆွဲသင်္ဘောကို ဝင်တိုက်ခဲ့တာလို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြပါတယ်။

ကယ်ဆယ်ရေးသမားတွေက သေဆုံးသူတွေရဲ့ အလောင်းတွေကို သယ်လာပြီး ရှင်သန်သူတွေနဲ့ မိသားစုတွေ မြစ်ကမ်းမှာ ငိုကြွေးနေပုံတွေကို ရုပ်သံတွေက ပြထားပါတယ်။

3 months Ago
Up