လှေစီး အင်အားပြ

September 6, 2020

တက္ကဆက်ပြည်နယ်တွင် အမေရိကန်သမ္မထောက်ခံသူများ လှေစီး အင်အားပြ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ထရာဗစ်ကန်ထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း အင်အားပြတဲ့ လှေတွေ စီတန်းအင်အားပြပွဲကို စက်တင်ဘာ ၅ ရက်က ကျင်းပပါတယ်။  “အဲဒီပွဲမှာ လှိုင်းကြီးလို့ လှေ ၄ စီးထက်မနည်း နစ်မြုပ်ခဲ့ပြီး တခြားလှေတွေကတော့ ကျောက်တုံးတွေနဲ့ ရိုက်မိပြီး ကျိုးပဲ့ပျက်စီးခဲ့တယ်။ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး” လို့ အော်စတင်ထရာဗစ်မြို့နယ် အရေးပေါ် ဆေးဘက်ဌာန ပြောခွင့်ရက ပြောပါတယ်။  ဒီကန်ဟာ ကော်လိုရာဒိုမြစ်ပေါ်က ဆည်တခုလည်းဖြစ်ပြီး လှေလှော်၊ ငါးဖမ်း၊ ရေကူးနဲ့ တခြားအပန်းဖြေမှုဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် လူကြိုက်များတဲ့ နေရာတခုဖြစ်ပါတယ်။
1 year Ago
Up