လှူဒါန်းငွေ

January 17, 2021

ရွှေဘိုမြို့တွင် ကိုဗစ်ကာကွယ်ဆေးအတွက် လှူဒါန်းငွေ တနေ့တည်း သိန်း ၂၀၀၀ ခန့်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ငွေပဒေသာပင် စတင်စိုက်ထူခဲ့ပြီး တစ်နေ့တည်း သိန်းပေါင်း ၁၈၀၀ ကျော် ရရှိခဲ့ပါတယ်။ လှူဒါန်းရရှိထားတဲ့ငွေကို ကာကွယ်ဆေးရရှိတဲ့အချိန်မှာ ငွေပဒေသာပင်ထဲက စိုက်ထုတ်သုံးစွဲသွားမှာဖြစ်ပြီး အခြေခံလူတန်းစားတွေအတွက် ပထမဦးစားပေး ဆောင်ရွက်သွားမယ်လို့ ငွေပဒေသာပင် စိုက်ထူတဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။ ရွှေဘိုမြို့မှာ ကိုဗစ်ကာလ ပြည်သူကနေ ငွေသားလှူဒါန်းတာရော Mask၊ ရေသန့်၊ PPE အစရှိတဲ့ပစ္စည်း လှူဒါန်းတာရော စုစုပေါင်း လှူဒါန်းငွေ သိန်း ၁ သောင်းလောက်ထိ ရရှိနိုင်တယ်လို့ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း (TWS) က “ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေး အထောက်အကူပစ္စည်းတွေ လိုအပ်နေလို့ စပြီးအလှူခံလိုက်တာ ခဏလေးနဲ့သိန်း ၃၀၀၀ လောက်ရတယ်။ နောက် ICU အတွက်လည်း အဲလိုပဲ သိန်း ၈၀၀ ကျော်လောက် ရခဲ့တယ်။ နောက် ကွာရန်တင်းစင်တာတွေကို ထမင်းကျွေးတာလည်း မြို့လူထုရဲ့ လှူဒါန်းငွေနဲ့ ကျွေးနိုင်တာ” လို့ ပြောပါတယ်။ ရွှေဘိုမြို့က အသင်းအဖွဲ့ ၁၄ ဖွဲ့လောက်ဟာလည်း ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအတွက် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လှူဒါန်းငွေတွေကို အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သတင်း - အောင်စံလင်း
3 months Ago

December 4, 2020

လိုအပ်သူများအတွက်ကူညီရန် ခီမောင်နှံပရဟိတအဖွဲ့ လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော်ရရှိထား

ကိုဗစ်-၁၉ ကပ်ဘေးပထမလှိုင်းကာလမှ လက်ရှိအချိန်ထိ ခီမောင်နှံပရဟိတအဖွဲ့ Free Cash Program for the Needy(FCPN)က လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော် ရရှိထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇဏ်ခီက ဒီဇင်ဘာ ၁ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် လှူဒါန်းမှုစာရင်းနဲ့အတူ ခုလိုရေးသားမျှဝေထား ခဲ့တာပါ။ “ဒီ​နေ့ အကြိမ် ၃၀ မြောက် ပို့ဖြစ်တဲ့လူစာရင်းဖြစ်သလို FCPN Chat box မှာ​လျှောက်ထားသမျှသူ​တွေအကုန်​ပဲဖြစ်ပါတယ်။  ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ချိန်မှ ယ​နေ့အ ချိန်ထိ စုစု​ပေါင်း ကျပ် ၁၁၆,၂၈၀,၀၀၀(သိန်းတစ်​ထောင့်တစ်ရာ​ခြောက်ဆယ့်နှစ်သိန်းနဲ့ ရှစ်​သောင်း) လှူဒါန်းပြီးဖြစ်ပါတယ်။ FCPN ကိုယ်စားဝမ်းသာပီတိဖြစ်ရသလို ဒီအလှူကြီး မှာ ဝင်​ရောက်လှူဒါန်းသူများအားလုံးကိုလည်း အထူး​ကျေးဇူးတင်ရှိပါတယ်” Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ကိုတော့ ပြီးခဲ့တဲ့ မေ လတုန်းက ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့က ငွေကျပ် သိန်း ၅၀ နဲ့ မ, တည်ထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေး ရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားပြီး လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ FCPN အနေနဲ့ ပရဟိတ အဖွဲ့အစည်းတွေဖြစ်တဲ့ We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းအသင်း(မိတ္ထီလာ)၊ နယ်စည်းမခြား စာနာသူများ We Love Yangon၊ မြန်မာနိုင် ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) စတဲ့ အဖွဲ့တွေက တဆင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ နေရာအနှံ့က ငွေကြေးအ ခက်အခဲ ဒုက္ခရောက်နေသူတွေကို ထောက်ပံ့ကူညီတာတွေ၊ စစ်ပြေးရှောင်တွေကို ထောက်ပံ့ကူညီတာတွေ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကတဆင့် ဆက်သွယ်အ ကူအညီတောင်းလာတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ FCPN ရဲ့ ချက်ဘောက်စ်ကို ပြန်မဖွင့်ဖြစ်​တော့​ပေမယ့် ဝင် လာသမျှအလှူ​ငွေ​တွေကို​တော့ မြေပြင်​ပေါ်မှာရှိတဲ့ လမ်း​ကြောင်း​တွေမှာ ဆက်လက် လှူ ဒါန်းသွားမှာဖြစ်ကြောင်းလည်း ဇဏ်ခီက အသိပေးထားခဲ့တာကို တွေ့ရပါတယ်။
4 months Ago
Up