လှိုင်းသစ်

July 17, 2020

ကိုဗစ်-၁၉ ကပ်ဘေးလှိုင်းသစ်အတွက် ဘုံနည်းဗျူဟာ အီးယူချမှတ်

ဥရောပသမဂ္ဂ အီးယူရဲ့ကျန်းမာရေးဝန်ကြီးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးလှိုင်းသစ်ကို တားဆီးနိုင်ရေးအတွက် ဘုံနည်းဗျူဟာကို စီစဉ်ထားပြီး ကိုဗစ်-၁၉ ရောဂါအတွက်ဆေးတွေကို အမြန်ဆုံးရအောင် အဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးနေပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ စေ့စပ်ညှိနှိုင်းနေပြီး အားလုံးအတွက် ဆေးအညီအမျှ ရရှိ အောင်လုပ်ဖို့ ရှိတယ်လို့လည်း ကျန်းမာရေးနဲ့အစားအစာလုံခြုံရေးဆိုင်ရာ ဥရောပ ကော်မရှင်မင်းကြီး မစ္စ စတယ်လာကိုင်ရီယာကစ်က အီးယူကျန်းမာရေးဝန်ကြီးများ အစည်းအ ဝေးမှာ  ပြောပါတယ်။  အီးယူဟာ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံအတွက် ကိုဗစ်-၁၉ စမ်းသပ်ဆေးဝါးတွေ ဒေါ်လာ ၂ ဒသမ ၃  ဘီလီယံဖိုး ဝယ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း  ရိုက်တာသတင်းက ဖော်ပြပါတယ်။
10 months Ago
Up