လှိုင်းလုံး

A d v e r t i s e m e n t With Us

January 16, 2021

လှိုင်းလုံးတွေကြားထဲမှ အသက်လုထွက်ပြေးခဲ့ရသည့် အမျိုးသမီး ၂ ဦး (ရုပ်သံ)

အော်ရီဂွန်ပြည်နယ်ရဲ့ ကမ်းရိုးတန်းဧရိယာကို ဇန်နဝါရီ ၁၂ ရက်က ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ လာရိုက်ခတ်ပြီး လှိုင်းလုံးကြီးတွေကြောင့် အပျက်အစီးတွေဟာ ကန်နွန်ကမ်းခြေရဲ့ လမ်းတွေပေါ် ရောက်ရှိလာပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီး ၂ ဦးနဲ့ သူတို့ရဲ့ခွေးတွေဟာ ကမ်းရိုးတန်းမြို့ငယ်လေးကို ရောက်ရှိလာတဲ့ လှိုင်းလုံးကြီးတွေကြားကနေ ဘေးလွတ်ရာကို အသက်လုပြေးနေခဲ့ရတာကိုလည်း မြင်တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကို ဗွီဒီယိုရိုက်ကူးခဲ့တဲ့ ဒါရာရို့စ်ဖရွတ်က “လှိုင်းလုံးတွေက အပျက်အစီးတွေကို အမြင့်ဘယ်လောက်လောက်အထိ ရောက်စေလဲဆိုတာကို ကြည့်ဖို့ လမ်းလျှောက်နေစဉ်မှာ ဒီအမျိုးသမီး ၂ ဦး အော်သံကြောင့် လှည့်အကြည့် သူတို့ ၂ ဦး လှိုင်းတွေကနေ လွတ်ရာကို ထွက်ပြေးနေတာ တွေ့ခဲ့ရပါတယ်။ အားလုံး ဘေးကင်းခဲ့ကြပေမယ့် အမျိုးသမီးတွေကတော့ ခါးအထိ ရေတွေ စိုကုန်ပါတယ်” လို့ ပြောပါတယ်။ ဇန်နဝါရီ ၁၂ ၊ ၁၃ ရက်တွေမှာ လှိုင်းကြီးမှုတွေကြောင့် အော်ရီဂွန်ကမ်းရိုးတန်းမှာ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက သတိပေးထားပြီး ဒီရလဒ်ကြောင့် အသေးစား ရေကြီးမှုလေးတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။
1 month Ago
Up