တရုတ်တွင် လှိုင်းတုစက်ချွတ်ယွင်းပြီး ဆူနာမီသဏ္ဌာန် လှိုင်းကြီးဖြစ်ခဲ့၊ ၄၄ ဦးဒဏ်ရာရ (ရုပ်သံ)
DVB
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အပန်းဖြေဥယျာဉ် တခုမှာ လှိုင်းတုဖန်တီးစက် ချွတ်ယွင်းပြီး ဆူနာမီသဏ္ဌာန် လှိုင်းကြီးဖြစ်ခဲ့တာကြောင့် လူ ၄၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ကျီလင်းပြည်နယ် လောင်ကျင်းမြို့ ယုလုံရွှီယန် ရေကစားဥယာဉ်မှာ ဇူလိုင် ၂၉ ရက်နေ့က ဒီလိုဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကနဦး စုံစမ်းချက်တွေအရ လျှပ်စစ်ပိုင်း အမှားကြောင့် စက်ချွတ်ယွင်းခဲ့တယ်လို့ လောင်ကျင်းအာဏာပိုင်တွေက ဇူလိုင် ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ ၃၇ ယောက်ဟာ အနည်းအကျဉ်းသာ ဒဏ်ရာရခဲ့ပြီး ကျန်လူတွေကတော့ ဒေသဆေးရုံတွေမှာ ဆေးကုသခံနေတယ်လို့ သိရပါတယ်။
အဲဒီနောက် အပန်းဖြေစခန်းကို ခေတ္တပိတ်ထားဖို့ သက်ဆိုင်ရာက ညွှန်ကြားပြီး စုံစမ်းရေး ဆက်လုပ်နေတယ်လို့ အာဏာပိုင်တွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။
Zawgyi Version
တ႐ုတ္တြင္ လႈိင္းတုစက္ခြၽတ္ယြင္းၿပီး ဆူနာမီသဏၭာန္ လႈိင္းႀကီးျဖစ္ခဲ့၊ ၄၄ ဦးဒဏ္ရာရ (႐ုပ္သံ)
DVB
တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း အပန္းေျဖဥယ်ာဥ္ တခုမွာ လႈိင္းတုဖန္တီးစက္ ခြၽတ္ယြင္းၿပီး ဆူနာမီသဏၭာန္ လႈိင္းႀကီးျဖစ္ခဲ့တာေၾကာင့္ လူ ၄၄ ေယာက္ထက္မနည္း ဒဏ္ရာရခဲ့ပါတယ္။
က်ီလင္းျပည္နယ္ ေလာင္က်င္းၿမိဳ႕ ယုလုံ႐ႊီယန္ ေရကစားဥယာဥ္မွာ ဇူလိုင္ ၂၉ ရက္ေန႔က ဒီလိုျဖစ္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
ကနဦး စုံစမ္းခ်က္ေတြအရ လွ်ပ္စစ္ပိုင္း အမွားေၾကာင့္ စက္ခြၽတ္ယြင္းခဲ့တယ္လို႔ ေလာင္က်င္းအာဏာပိုင္ေတြက ဇူလိုင္ ၃၁ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
အဲဒီထုတ္ျပန္ခ်က္ထဲမွာ ၃၇ ေယာက္ဟာ အနည္းအက်ဥ္းသာ ဒဏ္ရာရခဲ့ၿပီး က်န္လူေတြကေတာ့ ေဒသေဆး႐ုံေတြမွာ ေဆးကုသခံေနတယ္လို႔ သိရပါတယ္။
အဲဒီေနာက္ အပန္းေျဖစခန္းကို ေခတၱပိတ္ထားဖို႔ သက္ဆိုင္ရာက ၫႊန္ၾကားၿပီး စုံစမ္းေရး ဆက္လုပ္ေနတယ္လို႔ အာဏာပိုင္ေတြက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။
2 years Ago