လှိုင်သာယာ သပိတ်

May 1, 2021

ကမ္ဘာ့အလုပ်သမားနေ့ လှိုင်သာယာ သပိတ်

ရန်ကုန် လှိုင်သာယာမြို့နယ်က စက်ရုံဝန်ထမ်းလူငယ်တွေဟာ စစ်အုပ်စုရဲ့ အဖမ်းအဆီးတွေ ကြားက ဒီကနေ့ကျရောက်တဲ့ ၁၃၁ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် သပိတ်ကို  ​လူနည်းနည်းနဲ့ ​ရှောင်တိမ်းပြီး ပြုလုပ်ခဲ့ကြရတယ်လို့ ပါဝင်သူတစ်ဦးက  ပြောပါတယ်။

လှိုင်သာယာမြို့နယ်ထဲမှာ အခုရက်ပိုင်း ဒလန်(သတင်းပေး)တွေကြောင့် စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်ကြောင်းတွေကို ခက်ခက်ခဲခဲလုပ်နေရတယ်လို့လည်း ဆိုပါတယ်။

မနေ့က ဧပြီ ၃၀ ရက်နေ့ ည ၁၁ နာ ရီကျော်လောက်က ရွှေလင်ပန်း တော်ဝင်နှင်းဆီအိမ်ရာမှာနေထိုင်တဲ့ လူငယ် ၇ ဦးကိုလည်း ရဲနဲ့စစ်တပ်က တိုက်နံပါတ်အတိအကျနဲ့ လာဖမ်းသွားပြီး နေအိမ်ထဲကပစ္စည်းတွေကိုပါ မွှေနှောက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

5 days Ago
Up