လှိုင်သာယာစက်မှုဇုန်

September 21, 2021

လှိုင်သာယာစက်မှုဇုန်တွင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်အမှတ်(၁)၊ ဆိပ်ကမ်းသာလမ်းမှာ စက်တင်ဘာ ၂၁ ရက် ဒီမနက်အစောပိုင်း ၃ နာရီ ၁၀ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါမီးလောင်မှုကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ level 2 အဆင့် မီးသတ်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ မနက် ၄ နာရီ ၃ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီ ၁၄ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေစိတ်ကိုတော့ မသိရသေးပါဘူး။

Photo- MFS

4 months Ago

March 27, 2020

လှိုင်သာယာစက်မှုဇုန်တွင် စားသောက်ကုန်များ သက်သာနှုန်းထားဖြင့် ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေကို သက်သာတဲ့ နှုန်းထားနဲ့ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးမှာ မတ် ၂၆ ရက်နေ့ ရောင်းချပေးခဲ့ပါတယ်။ ရောင်းချပေးနေတဲ့ အဓိက အခြေခံစားသောက်ကုန်တွေကတော့  ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေ ဖြစ်ပြီး ကန့်သတ်ထားခြင်းမရှိဘဲ လိုသလောက် ဝယ်ယူနိုင်တဲ့စနစ်နဲ့ ရောင်းချပေးခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေမှာလည်း ထပ်ပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီရောင်းချမှုကို စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စတင်တွေ့ရှိပြီးနောက် စားသောက်ကုန်နဲ့ ဆေးဝါးတွေ ပြတ်လပ်မှာကို စိုးရိမ်နေကြတာပါ။
2 years Ago
Up