လှည့်လည်အင်အားပြ

October 27, 2020

ပူတာအိုတွင် KSPP ပါတီဝန်းရံသူများ ပထမဦးဆုံးအကြိမ် လှည့်လည်အင်အားပြ

ပူတာအိုလွင်ပြင်မှာ ကချင်ပြည်နယ်အခြေစိုက် KSPP ပါတီက အောက်တိုဘာ ၂၆ ရက်နေ့က ၀န်းရံသူအင်အား ၁,၃၀၀ လောက်နဲ့ ပထမဦးဆုံးအကြိမ် အင်အားပြ လှည့်လည်မဲဆွယ်ခဲ့တယ်လို့ KSPP ပါတီ ပူတာအိုမြို့နယ်အတွင်း‌ရေးမှူး ဦးအောင်ခမ်းက ပြောပါတယ်။ အခုလိုအင်အားပြတာဟာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)က ပါတီအသစ် ဖြစ်တာ ကြောင့် လူထုတွေသိအောင် လှည့်လည်မဲဆွယ်တာဖြစ်ပြီး KSPP ပါတီအနေနဲ့ အင်အား တောင့်တင်းမှသာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မှာဖြစ်တာကြောင့် ပြည်သူလူထု သိရှိလာအောင် ခုလိုအင်အားပြတာလို့ ဦးအောင်ခမ်းက ပြောပါတယ်။  "လမ်းကြောင်း ၃ ကြောင်းအဖြစ်သတ်မှတ်ကာ အင်အားပြလှည့်လည် သွားမှာဖြစ်ပြီး ပထမလမ်းကြောင်းအနေနဲ့ ပူတာအိုမြို့နယ် အထက် ဆန်ဂေါင်ထိ ပြီးတော့ လုံရှာယန်၊ နောင်ခိုင် စတဲ့နေရာတွေမှာ လှည့်လည်သွားမှာပါ"လို့ ဆိုပါတယ်။  အင်အားပြ၀န်းရံသူတွေက ပါတီ၀င်တချို့နဲ့ ဒေသခံပြည်သူတွေ ဖြစ်ပြီး နို၀င်ဘာလဆန်းမှာလည်း နောက်ထပ်အင်အားပြ လှည့်လည်ဖို့ အစီအစဉ်ရှိတယ်လို့ပြောပါတယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) ဟာ ပူတာအိုခရိုင်အတွင်းမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် စတဲ့နေရာတွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သတင်း - ဖေနောင်းအောင်(ပူတာအို)
11 months Ago

October 17, 2020

ဘော်လခဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံသူများ လှည့်လည်အင်အားပြ

ကယားပြည်နယ် ဘော်လခဲမြို့နယ်မှာ  ဒီကနေ့မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသူတွေ  စီတန်းလှည့်လည် အင်အားပြသခဲ့ကြပါတယ်။ ကားအစီးရေ ၂၀၀ ဝန်းကျင်နဲ့ ဆိုင်ကယ်အစီးရေ ၆၀ လောက်နဲ့ စီတန်းလှည့်လည်ခဲ့ကြတယ်လို့ သိရပါတယ်။ ထောက်ခံဝန်းရံသူတွေဟာ ဒီးမော့ဆို၊ ငွေတောင်ကျေးရွာကနေ စတင် စီတန်းလှည့်လည်ထွက်ခွာပြီး ဘော်လခဲ၊ ဖားဆောင်း၊ မော်ချီးနဲ့ ရွာသစ်ကျေးရွာတို့အထိ ဆက်လက်ချီတက်သွားကြတာ ဖြစ်ပါတယ်။ ဘော်လခဲမြို့နယ်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း အနိုင်ရရှိခဲ့တဲ့ဒေသ ဖြစ်ပါတယ်။  အခုလာမယ့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာလည်း သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအနေနဲ့ ဒီဘော်လခဲမြို့နယ်မှာပဲ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ-မြတ်သူရထွန်း
12 months Ago
More News
Up