လွှဲပြောင်း

November 21, 2020

တပ်မတော်က ဖမ်းမိခဲ့သည့် ကျပ်သိန်း ၃၉၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ လွှဲပြောင်းပေး

တောင်ကုတ်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၃၉၀၀၀ ကျော် တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံအား သစ်တောဦးစီးဌာနကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ တပ်မတော်က နိုဝင်ဘာ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အနောက်ဘက်ပင်လယ်ပြင်နဲ့ ဆက်စပ် မြစ်ချောင်းတွေအတွင်း တရားမဝင်သစ်မှောင်ခိုလှေတွေ ခိုအောင်းပြီး ပြည်ပနိုင်ငံတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁၇ ရက်မှ ၂၄ ရက်အထိ နေရာ ၁၁ နေရာက တရားမဝင် သစ်မှောင်ခို သ‌င်္ဘော/စက်လှေတွေ၊ တရားမဝင်သစ်တွေအား သိမ်းဆည်းရမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာလည်း တောင်ရင်း ချောင်းဖျားအနီး စုပုံထားတဲ့ တရားမဝင်သစ်မျိုးစုံ ၁၅၀၀ တုံးလောက်အား ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိသစ်တွေအနက် နိုဝင်ဘာ ၆ ရက်အထိ ငွေကျပ်သိန်းပေါင်း ၂၂၆၅၅ လောက်တန်ဖိုးရှိ သစ် ၈၉၄ ဒသမ ၂၄ တန်၊ နိုဝင်ဘာ ၁၈ ရက်အထိ ငွေကျပ်သိန်းပေါင်း ၁၆၃၆၈ လောက်တန်ဖိုးရှိ သစ် ၇၃၂ ဒသမ ၉၇၉၁ တန်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၉၀၂၃ လောက်ရှိ ဖမ်းဆီးရမိ တရားမဝင်သစ် ၁၆၂၇ ဒသမ ၂၁၉၁ တန်လောက်ကို တောင်ကုတ်မြို့ သစ်တောဦးစီးဌာနကို လွှဲပြောင်း အပ်နှံခဲ့တာလို့ ဆိုပါတယ်။ ကျန်ရှိနေတဲ့ သိမ်းဆည်းရမိ တရားမဝင်သစ် စုစုပေါင်းသစ်တုံး ၁၀၀၀၀ ကျော်ကိုလည်း ဆက်လက် လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
6 months Ago

September 11, 2020

ရာဖေးတိုက်လေယာဉ် ၅ စီး ပြင်သစ်က အိန္ဒိယကို လွှဲပြောင်း

အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာပဲ စက်တင်ဘာ ၁၀  ရက်က အိန္ဒိယ  လေတပ်မှာ ပြင်သစ်တိုက်လေယာဉ် ၅ စီး အားဖြည့်တဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်း အမ်ဘာလာလေတပ်စခန်းမှာလုပ်တဲ့ အခမ်းအနားကို အိန္ဒိယနဲ့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ဒါဆော့ရာ ဖေးတိုက်လေယာဉ်  ၅ စီး လွှဲပြောင်းပွဲကို ချီးကျူးပြောဆိုခဲ့ပါတယ်။  အမေရိကန် ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိတဲ့ တိုက်လေယာဉ် ဝယ်ယူတဲ့  သဘောတူ စာချုပ်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အဲဒီအချိန်က ပြင်သစ်သမ္မတ  ဖရန်ဆွာအော်လွန်တို့ လက်မှတ် ရေးထိုးခဲ့တာပါ။    စက်တင်ဘာ ၁၀ ရက်က လွှဲပြောင်းခဲ့တဲ့  တိုက်လေယာဉ်  ၅ စီးအပြင်  အိန္ဒိယဟာ နောက်ထပ် ရာဖေးတိုက်လေယာဉ် ၃၁ စီး လက်ခံဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
8 months Ago
More News
Up