လွှတ်တော်အတည်ပြု

A d v e r t i s e m e n t With Us

May 27, 2020

ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်ထဲက ကျပ်သန်း ၁၀၆၀၀ ကို လျှော့ပေါ့ရန် လွှတ်တော်အတည်ပြု

ဖြည့်စွက်ဘဏ္ဍာငွေအတွက် ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်း ၁၀၆၀၀ ကို လျှော့ပေါ့ခွင့်ပြုဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါ တယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဖြည့်စွက်ရန်ပုံငွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်စုစုပေါင်းက ကျပ်သန်း ၁ သိန်းကျော် ရှိနေတာပါ။

ဒီထဲကနေ သာမန်အသုံးစရိတ်ထဲက ကျပ်သန်း ၆၅၀၀ နဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ထဲက ကျပ်သန်း ၄၁၀၀ စုစုပေါင်း ကျပ်သန်း ၁၀၆၀၀ ကို လျှော့ပေါ့ခွင့်ပြုပေးဖို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက မေလ ၂၇ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အဆိုတင်သွင်းမှုကို ကာကွယ်ရေးဝန်ကြီးနဲ့ ကျပ်သန်း ၂၂၇၀၀ အထိ လျှော့ချဖို့ ဆွေးနွေးခဲ့တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်တို့ကလည်း လက်ခံခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေထဲမှာ စစ်ဆင်ရေးအတွက် ကုန်ကျတဲ့ စရိတ်တွေက အဓိက ပါဝင်နေပြီး   တပ်မတော်အနေနဲ့ နိုင်ငံဘဏ္ဍာကို ဖြုန်းတီးနေတာမျိုးမရှိပါဘူးလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

၂၀၁၉ -၂၀၂၀ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနဲ့ ပတ်သက်ပြီး မေလ ၂၇ ရက် က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးဌာန ၁၂ ခုက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက လွှတ်တော်ကို လာရောက်ရှင်းလင်းခဲ့ပါတယ်။

 

ဒါ့အပြင် ဒီကနေ့ လွှတ်တော်မှာ ရငွေသုံးငွေတွေနဲ့ပတ်သက်လို့ တစ်ပိုဒ်ချင်း အလိုက်အဆိုတင်ဆွေးနွေးတာနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူတာတွေ အပြင် ဥပဒေကြမ်းတစ်ခုလုံးကို အတည်ပြုတာတွေ  ဆောင်ရွက်ခဲ့ပါတယ်။

ဖြိုးသက်ပိုင်မြင့်

8 months Ago

May 22, 2020

COVID-19 ကာကွယ်ထိန်းချုပ်ရေး ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၅၀ ချေးရန် လွှတ်တော်အတည်ပြု 

COVID-19 အလျင်အမြန်ကာကွယ်ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူဖို့နဲ့ပတ်သက်ပြီး  ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။  မေလ ၂၂ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခဲ့ရာမှာ ကန့်ကွက်သူမရှိခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တာပါ။ ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရယူဖို့နဲ့ ပတ်သက်လို့ မနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြရာမှာ တပ်မတော်သား ကိုယ်စားလှယ်ရဲ့ ဝေဖန်ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဒီကနေ့ လွှတ်တော်မှာ ပြန်လည်တုံ့ပြန်သွားပါတယ်။  လူထုအကြား COVID-19 ရောဂါပိုးရှိ မရှိစစ်ဆေးမနိုင်သေးတဲ့ အခြေအနေမှာ ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ လိုသလို ချယ်လည်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ဝေဖန်ပြောကြားခဲ့တာပါ။  ဒီလိုဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို လိုသလိုကြိုးကိုင်ထားသလို ဖြစ်နေတယ်လို့ ဆွေးနွေးခဲ့တာပါ။ ဒီလိုဆွေးနွေးမှုတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးက ပြန်လည်တုံ့ပြန်ရာမှာ ဗိုလ်မှူးဝင်းမင်းထွန်းရဲ့ဆွေးနွေးမှုအတွင်း ပါရှိတဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုအားနည်းတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခဲ့သလို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို လိုသလိုခြယ်လှယ်ထားခြင်းမရှိဘူးလို့လည်း ပြန်လည်ပြောဆိုခဲ့ပါတယ်။  ဖြိုးသက်ပိုင်မြင့်
8 months Ago
Up