လွှတ်တင်

December 20, 2020

အမေရိကန် ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်

အမေရိကန် အခြေစိုက် အာကာသရှာဖွေရေးနည်းပညာကော်ပိုရေးရှင်း SpaceX ဟာ ၂၀၂၀ ခုနှစ်အတွင်း နောက်ဆုံးစစ်ဆင်ရေးအဖြစ် သူ့ရဲ့ ထောက်လှမ်းရေးဂြိုဟ်တုကို ကုမ္ပဏီပိုင် Falcon 9 အာကာသယာဉ် သုံးပြီး ဒီဇင်ဘာ ၁၉ ရက်မှာ အောင်အောင် မြင်မြင် လွှတ်တင်လိုက်ပါတယ်။ အမေရိကန် အမျိုးသားထောက်လှမ်းရေးရုံး (NRO) အတွက် ကင်းထောက်ဂြိုဟ်တုကို အမျိုးသားလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအတွက် Falcon 9 အာကသယာဉ် နဲ့ လွှတ်တင်ခဲ့တာပါ။ မူလက ဒီဇင်ဘာ ၁၇ ရက်မှာ လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ပုံမှန်မဟုတ်တဲ့ ဖိအားတွေကြောင့် နှောင့်နှေးခဲ့ရပါတယ်။ NRO ရဲ့ တောင်းဆိုချက်အရ SpaceX ဟာ ဂြိုဟ်တုရဲ့ တည်နေရာကို ဖော်ပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွှတ်တင်မှု၊ ခွဲထွက်မှုနဲ့ Falcon 9 ယာဉ် ပြန်လည်ဆင်းသက်မှုတွေ အောင်မြင်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ Falcon 9 အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်ထိ ဂြိုဟ်တုတွေကို လွှတ်တင် နေရာချနိုင်တဲ့ ကမ္ဘာ့ပထမဆုံး အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ ယာဉ်ဖြစ်တယ်လို့ SpaceX က ပြောပါတယ်။
9 months Ago

July 31, 2020

သက်ရှိအထောက်အထားရှာဖွေရန် အင်္ဂါဂြိုဟ်ပေါ်သို့  ရိုဘော့ ပါသည့်ရဟတ်ယာဉ်ငယ်လွှတ်တင်

အင်္ဂါဂြိုဟ်ပေါ်မှာ အရင်က သက်ရှိတွေနေထိုင်ခဲ့တဲ့ အထောက်အထားကို ရှာဖွေဖို့  ရည်မှန်း ချက်ကြီးမားတဲ့ မစ်ရှင်တစ်ရပ်ကို နာဆာက ဇူလိုင်လ ၃၀ ရက်မှာ စေလွှတ်မှာပါ။    ဒီမစ်ရှင်မှာ   ၆ ဘီးတပ်ရိုဘော့  Perseverance ပါဝင်ပြီး ရဟတ်ယာဉ်ငယ် ဆင်းသက်မယ့် တာဝန်နဲ့အတူအနာဂတ်မှာ လူလိုက်ပါတဲ့ မစ်ရှင်တွေ စေလွှတ်ဖို့ ကိရိယာစမ်းသပ်မှုတွေကို  လုပ်သွားမှာပါ။   အမေရိကန် ဒေါ်လာ  ၂ ဒသမ  ၄ ဘီလီယံ ကုန်ကျတဲ့ ဒီမစ်ရှင်ဟာ အမေရိကန်အာကာသ အေဂျင်စီရဲ့ အင်္ဂါဂြိုဟ်ပေါ် နဝမ မြောက်စေလွှတ်မှုအဖြစ် စီစဉ်ထားပါတယ်။  ဒီလထဲမှာပဲ ယူအေအီးနဲ့တရုတ်နိုင်ငံတွေက  နည်းပညာစွမ်းပကားနဲ့ ရည်မှန်းချက်ကြီးမား တာကို ပြသပြီး  အင်္ဂါဂြိုဟ်စူးစမ်းရေး ဒုံးပျံတွေကို လွှတ်တင်ခဲ့ပါတယ်။  “ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ်  တခြားကမ္ဘာတစ်ခုမှာ သက်ရှိကို ရှာဖွေမယ့် ထူးခြား မစ်ရှင်နဲ့အင်္ဂါဂြိုဟ်ကို သွားရောက်မှာ ဖြစ်တယ်”လို့လည်း နာဆာအုပ်ချုပ်ရေးမှူး ဂျင်မ်-ဘရိုင်ဒန်စ တိုင်းက ပြောပါတယ်။ 
1 year Ago
Up