လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့

A d v e r t i s e m e n t With Us

March 3, 2016

အမေရိကန်သမ္မတ လျှို့ဝှက်လုံခြုံရေးအဖွဲ့ဝင် သတင်းထောက်ကို ထိုးနှက် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုက လျှို့ဝှက်လုံခြုံရေး အဖွဲ့ဝင်တဦးက တိုင်းမ် ဓာတ်ပုံသတင်းထောက်ကို ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက် ဗာဂျီးနီးယား ရက်ဖို့ဒ်တက္ကသိုလ်မှာ ရီပတ်ဘလီကင်ပါတီ ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ လှည့်လည်စည်းရုံးနေတဲ့ ဒေါ်နယ်ထရမ့်ကို လူမည်းအရေး လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ပြီး ခန်းမထဲကနေ ထွက်ခွာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို တိုင်းမ်မဂ္ဂဇင်း ဓာတ်ပုံဆရာ ခရစ်တိုဖာ မောရစ်က မှတ်တမ်းတင်နေရာမှာ လျှို့ဝှက်လုံခြုံရေး အဖွဲ့ဝင်တဦးက လည်ကုတ်ကိုဆွဲပြီး တွန်းထိုးခဲ့ပါတယ်။ ဒီနောက် ၂ ဦးသား အပြန်အလှန် လုံးထွေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရုပ်သံဖိုင်အဖြစ် မှတ်တမ်းတင်ပြီး လှုမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ်ကို တင်ခဲ့ပါတယ်။ မောရစ်က မီဒီယာအတွက် သတ်မှတ်နေရာကနေ ၁၈ လက်မသာထွက်မိတာ ဖြစ်တယ်လို့ ပြောပါတယ်။ လျှို့ဝှက်လုံခြုံရေးအဖွဲ့ ပြောခွင့်ရကတော့ အဖွဲ့ဝင်တဦး ဒီဖြစ်ရပ်မှာ ပါဝင်နေတာ သတိထားမိပြီး အခြေအနေကို အတိအကျသိရဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတအဖြစ် ပါတီကိုယ်စားပြု ယှဉ်ပြိုင်ရေး မဲဆွယ်စည်းရုံးပွဲမှာ တခြား သမ္မတ ကိုယ်စားလှယ်လောင်းတွေနဲ့ မတူဘဲ မီဒီယာတွေကို သတ်မှတ်နေရာကနေ ရိုက်ကူးခွင့် ပြုထားတာ ဖြစ်ပါတယ်။ လျှို့ဝှက်လုံခြုံရေးအဖွဲ့ဟာ အမေရိကန်သမ္မတနဲ့ အိမ်ဖြူတော် ကိုယ်စားလှယ်တွေကို ကာကွယ် စောင့်ရှောက်ပေးရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
5 years Ago
Up