လျှပ်စီးအလျင်ဖြင့် ကြိုးခုန်ပြီး စံချိန်ချိုးပြနိုင်သည့် အံ့ဖွယ်ဆယ်ကျော်သက်

November 3, 2016

လျှပ်စီးအလျင်ဖြင့် ကြိုးခုန်ပြီး စံချိန်ချိုးပြနိုင်သည့် အံ့ဖွယ်ဆယ်ကျော်သက် (ရုပ်သံ)

တရုတ်နိုင်ငံမှ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် ယောက်ျားလေးတဦးဟာ အံ့သြဖွယ် လျှပ်စီးလိုအရှိန်နဲ့ ကြိုးခုန်ချန်ပီယံတသင်းလုံးရဲ့ စံချိန်ကို ချိုးပြနိုင်ခဲ့ပါတယ်။ ဆန်ရှောင်လင်းလို့ အမည်ရတဲ့ အဲဒီလူငယ်လေးဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင်၊ ဂွမ်ကျိုးမြို့မှ အထက်တန်းကျောင်းသားတဦး ဖြစ်ပါတယ်။ သူဟာ “မဖြစ်နိုင်သော စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်ပြီး စွမ်းရည်ပြသခဲ့တာပါ။ စတိတ်စင်ပေါ်မှာ ဆန်ရှောင်လင်းဟာ အမျိုးသား ကြိုးခုန်လက်ရွေးစင်အသင်းနဲ့ အတူရှိနေခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာ အသင်းသား ၅ ဦးပါ တသင်းလုံးထက် ပိုမိုလျင်မြန်တဲ့ အရှိန်နဲ့ အကြိမ်ရေ ၁၀၀၀ ထိ ခုန်ပြနိုင်ခဲ့တာပါ။ သူ့ရဲ့ စွမ်းရည်ပြကွက်တွေက ဒိုင်တွေကိုရော ပရိတ်သတ်တွေကိုပါ မေးကြောတွေထောင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up