လျှပ်စစ်ကြိုး အမှိုက်များကို မီးဖြင့်ဖျန်းပက်သန့်ရှင်းပေးသည့် ဒရုန်းလေယာဉ် (ရုပ်သံ)

February 19, 2017

လျှပ်စစ်ကြိုး အမှိုက်များကို မီးဖြင့်ဖျန်းပက်သန့်ရှင်းပေးသည့် ဒရုန်းလေယာဉ် (ရုပ်သံ)

တရုတ်နိုင်ငံ စွမ်းအင်ကုမ္ပဏီတခုမှ  လျှပ်စစ်ဓာတ်အားကြိုးတွေအပေါ်က အမှိုက်သရိုက်တွေကို မီးလောင်ကျွမ်းစေပြီး ဖယ်ရှားဖို့  မောင်းသူမဲ့ယာဉ် (ဒရုန်း) အမျိုးအစားတခုကို ဖန်တီးခဲ့တယ်လို့ မေရာရဲ့ ဖေဖော်ဝါရီ ၁၈ ရက် သတင်းမှာ ဖော်ပြထားပါတယ်။ ဒီနည်းလမ်းကို တရုတ်နိုင်ငံ ဇီချွမ်မြို့မှာ အသုံးပြုနေပြီး မီးတုတ်တံမပါတဲ့ ဒရုန်းတခုကို ပေါင် ၁၅၀၀ ကျတယ်လို့ သိရပါတယ်။ ဒီဒရုန်းက ၁၁ ကီလိုဂရမ်အလေးချိန်ကို သယ်ဆောင်ပြီး ဦးထုပ်အမာဆောင်းထားမယ့် အမျိုးသားတဦးက ရေဒီယို ထိန်းချုပ်ကိရိယာနဲ့ ထိန်းချုပ်ပေးရတယ်လို့ ဆိုပါတယ်။ ယခင်က ကရိန်းနဲ့လူတွေကို အသုံးပြုတဲ့အစား မီးတုတ်တံပါ မီးလောင်စေတဲ့ ဓာတ်ငွေ့ပက်ဖျန်းကိရိယာပါ ဒရုန်းတွေကို အစားထိုးအသုံးပြုတဲ့ စမ်းသပ်မှုကို ရုပ်သံဗွီဒီယိုထဲမှာ မြင်တွေ့ရမှာပါ။ လျှပ်စစ်ဓါတ်အားကြိုးတွေအပေါ်က အမှိုက်သရိုက်တွေဟာ တခါတရံမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဖြစ်ပေါ်စေပေမယ့် ဇီချွမ်မြို့မှာတော့ ဒီလိုဖြစ်တယ်လို့ သတင်းမရရှိပါဘူး။ အလားတူစွာပဲ အမေရိကန်နိုင်ငံမှာတော့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးထားတဲ့ မီးဓာတ်ငွေဖျန်းကိရိယာပါ မောင်းသူမဲ့ယာဉ်ဒရုန်းတွေကို တီထွင်ဖန်တီး အသုံးပြုပြီးနေပြီလို့ သိရပါတယ်။ အမေရိကန်နိုင်ငံ နက်ဘရက်စကာပြည်နယ်ရှိ အမျိုးသားကျောက်တိုင်ဧရိယာရဲ့ မြက်ခင်း ၂၅ ဧကကို ရှင်းလင်းဖို့ နက်ဘရက်စကာ-လင်ကွန်းတက္ကသိုလ်က “မီးကိုထိန်းချုပ်တဲ့” မီးဓာတ်ငွေ့ဖျန်းကိရိယာပါ ဒရုန်းကို တီထွင်ခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up