လျှပ်စစ်သေနတ်

September 16, 2015

လျှပ်စစ်သေနတ် ၏ အကျိုးသက်ရောက်မှု ရုပ်သံဖိုင် ပျံ့နှံ့

အဓိကရုဏ်းတွေမှာ ရဲတွေအသုံးပြုလေ့ရှိတဲ့ တေဇာလို့ခေါ်တဲ့ လျှပ်စစ်သေနတ်နဲ့ ပစ်ရင် ဖြတ်လာနိုင်တဲ့ အကျိုးဆက်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။. လျှပ်စစ်သေနတ်နဲ့ ပစ်လိုက်လို့ လူခန္ဓာကိုယ်ကို ထိသွားရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို အနှေးပြကွက်နဲ့ ဂယ်ဗင်ဖီးလ်နဲ့ ဒေးဗစ် ဂရချီတို့က စေတနာနဲ့ သရုပ်ဆောင်ပေးတဲ့ လူတဦးကို အသုံးပြု ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မြန်နှုန်းမြင့် ကင်မရာတွေကို အသုံးပြု ရိုက်ကူးထားတာဖြစ်ပြီး လူ ၂ ဦး ချုပ်ထားပြီး သရုပ်ဆောင်ပေးတဲ့ လူရဲ့ နောက်ကျောကို လျှပ်စစ်သေနတ်နဲ့ ပစ်ပြလိုက်တာ ဖြစ်ပါတယ်။ အပစ်ခံရတဲ့သူရဲ့ နောက်ကျောက ကြွက်သားတွေ ကျုံ့သွားပြီး ခန္ဓာကိုယ်တခုလုံးကို ထိန်းချုပ်ထားသလို ဖြစ်ကာ ၅ စက္ကန့်လောက် မလှုပ်ရှားနိုင်တော့ဘူးလို့ ဆိုပါတယ်။ စက်တင်ဘာ ၁၀ ရက်က ဗွီဒီယိုဖိုင်ကို အင်တာနက်မှာ တင်ခဲ့ပြီး ကြည့်တဲ့သူ ၇ သိန်းနီးပါးရှိသွားပြီ ဖြစ်ပါတယ်။
8 years Ago
Up