လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သည်များ တွေ့ပါက ဖုန်းဆက်အသိပေးရန် မေတ္တာရပ်ခံ

September 5, 2018

လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သည်များ တွေ့ပါက ဖုန်းဆက်အသိပေးရန် မေတ္တာရပ်ခံ

လျှပ်စစ်အန္တရာယ် ဖြစ်နိုင်တာတွေ တွေ့ရင် ဖုန်းဆက်အသိပေးဖို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မေတ္တာရပ်ခံထားပါတယ်။ ရန်ကုန်တိုင်းထဲမှာ မိုးသည်းသည်းထန်ထန်ရွာနေလို့ လျှပ်စစ်အန္တရာယ်ဖြစ်နိုင်တာ ကြောင့် မိုးဒဏ်လေဒဏ်ကြောင့် ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျတာ၊ ဓာတ်အား လိုင်းကြိုးတွေ လျော့ကျနေတာ၊ ဓာတ်အားလိုင်းကြိုးတွေပေါ်ကို သစ်ပင်၊ သစ်ကိုင်းတွေ လဲကျ၊ ကျိုးကျနေတာနဲ့ မိုးဒဏ်လေဒဏ်ကြောင့် ဓာတ်တိုင်တွေ ယိုင်လဲတာတွေ တွေ့ရင် နီးစပ်ရာ လျှပ်စစ်ရုံးတွေကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒါ့အပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ ပြည်သူ့ဝန်ဆောင်မှု ဖုန်းနံပါတ်တွေ ဖြစ်တဲ့ 01-2302285/ 01-2302286/ 01-2302287/ 01-2302288/ 01-2302289 တို့ကို ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up