လျှပ်စစ်ဓာတ်အားပေးစက်ရုံ

July 12, 2019

မော်စကိုမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်၊ ၇ ဦးဒဏ်ရာရ (ရုပ်သံ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုက လျှပ်စစ်ဓာတ်အားပေးစက်ရုံတခုမှာ ဇူလိုင် ၁၁ ရက်နေ့က မီးလောင်ခဲ့တယ်လို့ မော်စကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ အဲဒီဓာတ်အားပေးစက်ရုံကနေ ကြီးမားတဲ့မီးတောက်တွေ ကောင်းကင်ပေါ်ကို တလိပ်လိပ်တက်နေတဲ့ ရုပ်သံဖိုင်တခုလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီမီးတောက်တွေဟာ အမြင့် မီတာ ၅၀ လောက်ထိ ရှိတယ်လို့ မျက်မြင်သက်သေ တယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး RIA သတင်းဌာနက ဖော်ပြပါတယ်။ မီးလောင်မှုအတွင်း လူ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ရုရှား အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
2 years Ago

June 20, 2019

ဆော်ဒီ ဓာတ်အားပေးစက်ရုံတခုကို ဟူသီသူပုန်အဖွဲ့ ဒုံးကျည်ဖြင့်တိုက်ခိုက်

ဆော်ဒီအာရေဗျနိုင်ငံ ဂျီဇန်ပြည်နယ်ထဲက လျှပ်စစ်ဓာတ်အားပေး စက်ရုံတခုကို ခရုဇ်အမျိုးအစား ဒုံးကျည်တစင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့က ဇွန်လ ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်တွေဘက်က ချက်ချင်း အတည်ပြုတာတော့ မရှိသေးပါဘူး။ ဟူသီသူပုန်အဖွဲ့ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက ဆော်ဒီမြို့တွေပေါ်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။ ယီမင်ပြည်တွင်းစစ်အတွင်းမှာ ယီမင်အစိုးရကို ကျောထောက်နောက်ခံ ပေးထားတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
2 years Ago
More News
Up