လျှပ်စစ်စွမ်းအင်းနှင့်စက်မှူဝန်ကြီး

May 4, 2019

မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်းနှင့်စက်မှူဝန်ကြီး အမည်စာရင်း တင်သွင်း

တနှစ်နီးပါးကြာ လစ်လပ်နေတဲ့ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးကို ခန့်အပ်ဖို့ မေလ ၃ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဝန်ကြီးချုပ်က ပြည်နယ် လျှပ်စစ်စွမ်းအင်းနဲ့ စက်မှု ဝန်ကြီး တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဒုတိယ လျှပ်စစ်အင်ဂျင်နီယာချုပ် အငြိမ်းစား ဦးလှထွန်းကို အမည်စာရင်း တင်သွင်းခဲ့တာပါ။ ဦးလှထွန်းဟာ ၁၉၉၁မှ ၂၀၁၇ အထိ လက်ထောက် အင်ဂျင်နီယာ အင်ဂျင်နီယာမှူး အပါအဝင် ဒုတိယ လျှပ်စစ်အင်ဂျင်နီယာချုပ်အထိ တာဝန်ထမ်းဆောင်ဖူးတဲ့ ပညာရှင်တဦး ဖြစ်ပြီး၊ ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေပြည်တော်မှာ နေထိုင်သူ ဖြစ်ပါတယ်။
2 years Ago
Up