လျှပ်စစ်စွမ်းအင်သုံးလေယာဉ်ငယ်

July 16, 2019

ကိုယ်တိုင် ထိန်းချုပ် မောင်းနှင်နိုင်သည့် ခရီးတိုသွား လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ငယ် (ရုပ်သံ)

ကိုယ်တိုင်ထိန်းချုပ် မောင်းနှင်နိုင်တဲ့ ခရီးတိုသွား လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ငယ်ကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချသွားဖို့ တက္ကဆက်ကုမ္ပဏီတခုက ရည်မှန်းထားပါတယ်။ ထိုင်ခုံတခုပါ လေယာဉ်ငယ်ကို မောင်းဖို့ လေယာဉ်မှူးလိုင်စင် မလိုဘဲ ခရီးသည်ကိုယ်တိုင် မောင်းလို့ရပါတယ်။ လေယာဉ်ရဲ့ မော်ဒယ်အတော်များများဟာ ဒရုန်းတွေနဲ့တူပြီး အရွယ်အစားပိုကြီးတာ၊ ခရီးသည်ထိုင်ခုံပါတာပဲ ကွာပါတယ်။ လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ငယ်ဟာ ထက်အောက် တက်ဆင်းလုပ်နိုင်ပြီး အဲဒီလို ဖြစ်ဖို့ရာ ယာဉ်မှာလည်နေတဲ့ ဒလက်အများအပြား ပါဝင်ပါတယ်။ ဒါဟာ ဘိုးရင်းနဲ့ အဲဘတ်စ်တို့လို လေကြောင်းကုမ္ပဏီကြီးတွေကို အန်တုပြီး ပေါ်ထွန်းစ ကုမ္ပဏီတခုရဲ့ တီထွင်မှုလည်း ဖြစ်ပါတယ်။ LIFT လို့ နာမည်ပေးထားတဲ့ ဒီလျှပ်စစ်လေယာဉ်ငယ်ကို အပျော်စီး ခရီးစဉ်တွေအတွက် ပထမဆုံး ရောင်းချမှာ ဖြစ်ပါတယ်။ ဂင်းပါတနာကုမ္ပဏီ တည်ထောင်သူက “နောင် ၁၀ နှစ်၊ အနှစ် ၂၀ လောက်ဆို အဲဒီယာဉ်တွေ အသုံးပြုတာကို မြင်တွေ့ရမယ်။ အဲဒီအချိန်လောက်ဆို ကောင်းကင်မှာ အဲဒီယာဉ်တွေ ပျံနေပြီး အားလုံးဟာ ကိုယ်တိုင်ထိန်းချုပ် မောင်းနှင်တဲ့စနစ် ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။
2 years Ago
Up