လျှပ်စစ်ကားရထား

April 7, 2017

ဟောင်ကောင်တွင် ၂ ထပ် လျှပ်စစ်ကားရထား တိမ်းမှောက်၊ ၁၄ ဦး ဒဏ်ရာရ (ရုပ်သံ)

ဟောင်ကောင်မှာ ဧပြီ ၆ ရက် မနက်အစောပိုင်းက ၂ ထပ် လျှပ်စစ်ကားရထား တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မြို့လယ်ခေါင် ဒီဗူး (Des Voeux) လမ်းပေါ်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ၂၃ နှစ်အရွယ် ယာဉ်မောင်းကို မဆင်မခြင်မောင်းနှင်မှုနဲ့ အရေးယူခဲ့ပေမယ့် အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ ဒဏ်ရာရသူ ၁၄ ဦးထဲက ၁၁ ဦးကို ဆေးရုံတင်ထားရပါတယ်။ သူတို့ရဲ့ အချက်ပေးမည်သံကို အစွဲပြုပြီး “ဒင်-ဒင်” လို့ခေါ်တဲ့ အဲဒီ လျှပ်စစ်ကားရထား မှောက်ရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up