လွဲချော်မည်

November 19, 2020

လက်စတာနှင့်ပွဲတွင် လီဗာပူး အဓိကကစားသမား ၉ ဦးအထိ လွဲချော်မည်

လီဗာပူးအသင်းဟာ လက်စတာနဲ့ပွဲမှာ အဓိကကစားသမား ၉ ဦးအထိ လွဲချော်မှာ ဖြစ်ပါတယ်။  နောက်တန်းကစားသမားတွေ အများအပြား ဒဏ်ရာရနေပြီး အဓိက တိုက်စစ်မှူးဆာလက်ဟာလည်း ကိုဗစ်-၁၉ ပိုး ကူးစက်ခံထားရတာကြောင့် လွဲချော်မှာဖြစ်ပါတယ်။  ခံစစ်ပိုင်းမှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ ဖာဘင်ဟို၊ အာနိုးလ် ၊ ရွိုင်းဝီလီယံ အစရှိတဲ့ ကစားသမား တွေ အားလုံး ဒဏ်ရာရနေပြီး ကွင်းလယ်ပိုင်းမှာလည်း ဟန်ဒါဆန်၊ အယ်ကန်တာရာနဲ့ ချိန်ဘာလိန် တို့လည်း ပါဝင်ကစားဖို့ မသေချာသေးတာဖြစ်ပါတယ်။  အဓိက ကစားသမားတွေထဲမှာ ဂိုးသမား အလစ်ဆန်၊ နောက်ခံလူ ရော်ဘက်ဆန်၊ ကွင်းလယ်လူ ဝီလ်နယ်ဒမ်း၊ ကီတာ၊ ဂျိုတာ နဲ့ မာနေးတို့ ၆ ဦးသာ ကျန်ရှိတော့ပြီး အရန်နဲ့ လူငယ် ကစားသမားတွေကိုပဲ ပွဲထွက်ခွင့်ရဖို့ရှိနေပါတယ်။  ခံစစ်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားတွေထဲက ရော်ဘက်ဆန် တဦးတည်းသာ ကစားနိုင်မယ့် အခြေအနေက လီဗာပူးအတွက် အားနည်းချက်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြ ပါတယ်။ 
1 year Ago
Up